၊ ငွေကြယ်စင်ယံ ၊ သကြားစားတာများရင် သွားထိခိုက်စေသလို ကိုယ်နေဟန်ပျက်စေနိုင်ကာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမဲ့ အလှအပအတွက် သကြားကို အသုံးပြုနိုင်ပါတယ်။ – အရေပြားဆဲလ်သေ ကင်းစင်စေခြင်း သကြားက မျက်နှာအပြင် တစ်ကိုယ်လုံး အရေပြားကို ကြေးချွတ်ပေးနိုင်ပါတယ်။ သကြားမှုန်က အရေပြားဆဲလ်သေတွေကို...
လရိပ်မေ – ဦးနှောက်ရဲ့ အချက်အလက်သိုလှောင်မှုနဲ့ဆိုင်တဲ့ အစိတ်အပိုင်းကို အားကောင်းအောင် လှုံ့ဆော်ပေးပါတယ်။ – အင်ဒေါ်ဖင်ဟော် မုန်းထွက်ရှိစေတဲ့ ပစ်ကျူထရီ ဂလင်းကို အားပေးပါတယ်။ – ဦးနှောက်ဆဲလ်ထိခိုက်မှု လျော့ကျပြီး ပါကင်ဆန်ရောဂါနဲ့ ဆက်စပ်နေတဲ့ ဟန်ချက်ညီမှု လျော့နည်းတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။...
ပန်းဂေါ်ဖီစိမ်းကို ပေါင်းပြီး စားတာကြောင့် ကင်ဆာ တွန်းလှန်နိုင်စွမ်းကို ၃၀ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို ပြုတ်စားမယ်ဆိုရင်တော့ ကင်ဆာတွန်းလှန်နိုင်တဲ့ ရာခိုင်နှုန်းက လျော့ကျသွား နိုင်ပါတယ်။
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ကင်ဆာလူနာတွေမှာ အာဟာရချို့တဲ့မှုက အဖြစ်များပါတယ်။ အထူးသဖြင့် ကင်ဆာဆေးသွင်းကုသမှု ခံယူနေစဉ်မှာ အာဟာရချို့တဲ့မှု အဖြစ်များတတ်ပါတယ်။ ကင်ဆာလူနာတွေမှာ ကိုယ်အလေးချိန်လျော့ကျတာ၊ သွေးအားနည်းတာနဲ့ စွမ်းအင်လျော့ကျတာတွေ ဖြစ်တတ်သလို ကင်ဆာဆေးသွင်းကုသမှုပေးစဉ်မှာ ဆဲလ်နဲ့ တစ်သျှူးတွေ ထိခိုက်တတ်ပါတယ်။ အဲဒါတွေကို...
ဇွန် (၁) နှုတ်ခမ်းသားသန်စွမ်းစေမည့် လေ့ကျင့်ခန်း နှုတ်ခမ်းကို စုပြီး မှုတ်လိုက်ပါ။ လေးကြိမ်လောက်လုပ်ပါ။ ပြီးရင် နှုတ်ခမ်းပေါ်ကို လက်ချောင်းနှစ်ချောင်းနဲ့ ဖိပေးပါ။ သုံး-လေးကြိမ် လုပ်ပါ။ (၂) အရေးကြောင်း ပြေလျော့စေမည့် လေ့ကျင့်ခန်း မျက်တောင်မခတ်ဘဲ မျက်စိကို ဖွင့်ထားပြီး မျက်ခုံးကို...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဒီနေ့ဆေးရုံကို တီဘီရောဂါဖြစ်တဲ့ လူနာအသစ်တစ်ယောက်ရောက်လာလို့ ကြည့်ပေးဖို့ပြောလာတာနဲ့ ဦးတင်မြင့်ဆိုတဲ့လူနာနဲ့ စတွေ့ခဲ့ရပါတယ်။ အသက် ၅၉နှစ်လောက်ရှိပြီး ခပ်ပိန်ပိန်ရှိတဲ့ ဦးတင်မြင့်ကသတိရပေမယ့် မှိန်းနေတာတွေ့ရပါတယ်။ အသက်ရှူမ၀လို့ အသက်မြန်မြန်ရှူနေရပါတယ်။ သူ့အနားမှာဝန်းရံလျက် ပါလာတာကတော့ သူ့ညီဖြစ်သူနဲ့ သူ့အမျိုးသမီးတွေပဲ ဖြစ်ကြပါတယ်။...
ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲမှာ အမျိုးမျိုးသော ဇီဝရုပ်ဖြစ်ပျက်မှုကတစ်ဆင့် ထွက်လာပါတယ်။ ခန္ဓာကိုယ်က ပတ်ဝန်းကျင်မှာရှိတဲ့ ညစ်ညမ်းမှုတွေနဲ့ ထိတွေ့တဲ့အခါမှာ ဖရီးရယ်ဒီကယ် အထွက်များတတ်ပါတယ်။ ဖရီးရယ်ဒီကယ်ထွက်စေတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကတော့- – နေရောင်ခြည်၊ – ကားမီးခိုး၊ – စီးကရက်/ဆေးလိပ်မီးခိုး၊ – အရက်သောက်ခြင်း၊...
မေး။ ။ ကျွန်တော့်ကလေးက အခုမှ သုံးလပြည့်ဖို့ ငါးရက်လိုသေးတယ်။ ထိုင်ပဲထိုင်ချင်တယ်။ လှဲထားလို့ကို မရဘူး။ သူများက ခါးကုန်းလိမ့်မယ်လို့ ပြောကြတော့ ခက်နေတယ်။ လှဲထားလို့ မရဘူး။ လှဲထားရင် အော်တော့တာပဲ။ ပြဿနာရှိပါသလား။ ကိုကိုထွေး (FB) ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။...
မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) ခွဲစိတ်ပြုပြင်မှု လုပ်စရာမလိုဘဲ သဘာဝအတိုင်း တင်းရင်းပြည့်ဖြိုးတဲ့ ရင်သားအလှရရှိဖို့က အလှကြိုက်တဲ့ ပျိုမေတွေရဲ့ ဆန္ဒဖြစ်မှာပါ။ ခွဲစိတ်ပြုပြင်တဲ့ ကုသမှုနည်းလမ်းတွေက ရင်သားကို ချက်ချင်း ပြည့်တင်း ကြီးမားလာစေပေမယ့် နာကျင်မှုအပါအ၀င် တခြားဘေးထွက်ဆိုးကျိုး အနည်းအများကို လည်း ရရှိစေနိုင်ပါတယ်။...
ကိုထက် စကားလုံးဆိုတာ အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ ချိုချိုသာသာ ပြောတတ်ရင် သင့်အိမ်ထောင်ရေး ကို ပိုမို ကောင်းမွန်သာယာစေပေမယ့် ကြမ်းတမ်းတဲ့ စကားတွေ ပြောမိရင် အိမ်ထောင်ရေးမှာ အဖုအထစ်တွေ ဖြစ်တတ်ပါတယ်။ (၁)-‘မင်း မှန်တယ်’ အသေးအမွှားကိစ္စပဲဖြစ်ဖြစ် ငြင်းခုန်ကြတဲ့အခါ သင်က သင့်ဇနီးနဲ့...