၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်) နှလုံးကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေက သွေးကြောကျန်းမာရေးအတွက် ဆေးတစ်လက်လိုပဲ အသုံးဝင်ပါတယ်။ ဟင်းသီးဟင်းရွက်များများ စားပါ အပင်ထွက်အစာတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဖိုင်တိုနျူးထရီးရန့်တွေ များစွာပါဝင်နေတဲ့အတွက် နှလုံးကျန်းမာစေပါတယ်။ မနေ့ကထက် ဒီနေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ပိုစားပါ။...
ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း မေး ။ Autoimmune Disease ရှိသူတွေမှာဘယ်လို မျက်စိပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။ ဖြေ ။ Autoimmune Disease ရှိသူတွေမှာ အဓိက ဖြစ်တတ်တာက...
မေး ။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါ ဆရာ။ ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။ ဖြေ ။ သွေးလွန်တုပ်ကွေးကတော့ ခြင်ကျားကိုက်လို့ ဖြစ်တာပါ။ ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်ရင် အသက်အန္တရာယ် ရှိပါတယ်။...
– လရိပ်မေ အဆိုတော် တေလာဆွစ်ရဲ့ အသားအရေနဲ့ ဆံကေသာအလှအပကို လူအများနှစ်ခြိုက်ကြပါတယ်။ သူရဲ့ အလှအပလျှို့ဝှက်ချက်ကို လေ့လာကြည့်ရအောင်။ တေလာဆွစ်ဖ်က ညတိုင်း အိပ်ရာမ၀င်ခင် ညလိမ်းခရင်မ်လိမ်းလေ့ရှိပြီး မနက်တိုင်း မိတ်ကပ်မလိမ်းခင်မှာ အစိုဓာတ်ထိန်းခရင်မ်များများ လိမ်းလေ့ရှိပါတယ်။ အပြင်သွားတိုင်း နေလောင်ဒဏ်ရာမရအောင် နေကာခရင်မ်ကိုလည်း လိမ်းတတ်သူပါ။...
၊ ကိုထက် ၊ အိမ်မှာရှိတဲ့ အခြားအခန်းတွေထက် အိမ်သာ ဒါမှမဟုတ် ရေအိမ်ကတော့ လေထုသန့်စင်ဖြန်းဆေး (Air Freshener Spray) ဖြန်းပေးဖို့ ပိုလိုအပ်လေ့ရှိပါတယ်။ ထိုဖြန်းဆေးဗူးလေးတစ်ဗူးကို ဆိုင်က သွားဝယ်လိုက်တာက ဘယ်လောက်မှမခက်ခဲပါဘူး။ ဒါပေမဲ့ အဲဒီဖြန်းလိုက်တဲ့ဆေးတွေက သင်နဲ့ သင့်မိသားစုတွေ...
ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. လူတွေမှာ ၀မ်းချုပ်တာက ပိုအဖြစ်များလာပါသလား ဆရာ။ ဖြေ. ဆရာ့အတွေ့အကြုံအရ ပြောရရင်တော့ လူတွေက အရင်နဲ့စာရင် အလုပ်တွေ ပိုရှုပ်လာတယ်၊ ၀မ်းသွားဖို့ အချိန်မပေးနိုင်ဘူး၊ အစားအသောက်မှာလည်း အဆင်သင့်အစာတွေကို စားလာကြတယ်၊ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင်ဘူး...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး ။ အပျိုဖော်ဝင်ပြီးစ မိန်းကလေးတွေမှာ စိတ်ဖိစီးမှုကြောင့် လစဉ်ရာသီစက်ဝန်း ကမောက်ကမ ဖြစ်စေနိုင်ပါသလား ဆရာ။ ဖြေ ။ ဖြစ်တတ်ပါတယ်။ ရာသီစက်ဝန်းဖြစ်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲကြောင့် အပျိုဖော်ဝင်စမိန်းကလေးတွေမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိုးရိမ်ကြောင့်ကြမှုတွေများတယ်။ အဲဒီအတွက် သူတို့က...
ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ မေး ။ ကျွန်မကိုယ်ခန္ဓာမှာ မှဲ့တွေ များလို့ပါ။ ကင်ဆာဖြစ်မှာလည်း စိုးပါတယ်။ မှဲ့ကင်ဆာ မဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ကာကွယ်သင့်ပါသလဲ ဆရာမ။ ဖြေ ။ မှဲ့ကင်ဆာမဖြစ်အောင် မှဲ့ကို စစ်ဆေးရပါမယ်။...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) နွားလေးကောင်က တောတစ်ခုထဲမှာ နေကြတယ်။ သူတို့က သူငယ်ချင်းကောင်းတွေ ဖြစ်ကြပြီး အမြဲတမ်းအတူသွား၊ အတူစား၊ အတူနေထိုင်ကြတယ်။ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ပြီး စောင့်ရှောက်တာကြောင့် ခြင်္သေ့၊ ကျား စတဲ့ တိရစ္ဆာန်တွေက သူတို့ကို...
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ထမင်းတွေအများကြီးစားလို့ပဲဖြစ်ဖြစ်၊ အဆီအအိမ့်တွေ အစားများလို့ဖြစ်ဖြစ်၊ ဘီယာအသောက်များလို့ဖြစ်ဖြစ် ဗိုက်ပူနေပြီဆိုရင် ဗိုက်ချပ်ရပ်စေဖို့ လိုက်နာသင့်တဲ့ အဆင့်လေးရပ်ရှိပါတယ်။ အဆင့် (၁) သင်စားနေကျအစာကို ပြန်စဉ်းစားပါ သင်စားတဲ့ အစားအသောက်ထဲမှာ သကြားနဲ့ ကာဗိုဟိုက်ဒရိတ် (ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်) စတာတွေများနေသလား...