၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) လတ်တလောလေ့လာမှုအရ နှမ်းဆီဟာ ကျန်း မာရေးနဲ့ ညီညွတ်တဲ့အပြင် အသားအရေနဲ့ ဆံပင် သားကို ကျန်းမာစေတယ်လို့ သိရပါတယ်။ နှမ်းဆီစစ်စစ်က ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိသလဲဆိုတာ လေ့လာကြည့်ရအောင်။ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့...
လူ ၇၅ ရာခိုင်နှုန်းဟာ ရေဓာတ်ခမ်းခြောက်မှုတာရှည်ဖြစ်ပေါ်နေကြောင်း အမေရိကန်လေ့လာမှု အရသိရပါတယ်။ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခါးအတိုင်းအတာကို ထိခိုက်စေရုံသာမက ခါးကိုလည်း နာကျင်စေပါတယ်။ လေ့လာမှုအရ တစ်နေ့ ရေ ၈-၁၀ ဖန်ခွက်သောက်သူတွေဟာ ခါးနဲ့ အဆစ်နာကျင်မှုကို ၈၀ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေကြောင်း သိရပါတယ်။...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင်ထဲမှာ အတွေ့ရများပြီး အိမ်ရှင်မတွေ ဟင်းချိုချက်လေ့ရှိတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက်သောက်သုံးကြသလို ဘူးသီးကိုပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။...
၊ လရိပ်မေ ၊ ကျန်းမာရေးကောင်းမွန်တဲ့ မျိုးဆက်ပွားစနစ်အတွက် ပထမဆုံးခြေလှမ်းက အစားအသောက်တွေနဲ့ ဟော်မုန်းဓာတ်ကို ဟန်ချက်ညီအောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သားသမီးယူမယ့်သူတွေအနေနဲ့ မျိုးအောင်နိုင်စွမ်း ကောင်းမွန်စေဖို့ စားသင့်တဲ့ အစာတွေကို ရေးသားလိုက်ရပါတယ်။ သစ်ကြံပိုးခေါက် သစ်ကြံပိုးခေါက်မှာ အင်ဆူလင်ကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့်...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) အအေးမိဝေဒနာရတဲ့အခါ နောက်ဆက်တွဲအနေနဲ့ နှာခေါင်းပိတ်တာ၊ အသံအိုးရောင်ရမ်းတာစတဲ့ ဝေဒနာတွေ ဖြစ်တတ်တဲ့အတွက် သက်သာရာရစေဖို့ လိုက်နာသင့်တဲ့ အလွယ်နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။ အသံအိုးရောင်ရမ်းခြင်း အအေးမိပြီး အသံအိုးရောင်ရမ်းတဲ့အခါ လည်ချောင်းယားတာကနေ အသံလုံးဝမထွက်တဲ့အထိ ဖြစ်တတ်ပါတယ်။ သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ...
၊ လရိပ်မေ ၊ နေ့စဉ် အချိန်တစ်မိနစ်ပေးရုံနဲ့ ဗိုက်ပူခြင်းကင်းပြီး ချပ်ရပ်ကြည့်ကောင်းတဲ့ ၀မ်းဗိုက်အလှကို ရရှိစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်း (၁) ၁၀ စက္ကန့် ခြေဆင်းထိုင်ပြီး ခြေဖျားထိပ်ဆီလက်တွေကို ဆန့်တန်းကာထိပေးပါ။ ဒူးမကွေးရပါဘူး။ လေ့ကျင့်ခန်း (၂) ၁၀ စက္ကန့် ပက်လက်လှန်လှဲလျောင်းရင်း...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) ဂဏန်းမဆလာချက်လို့ ပြောလိုက်ရင် စားချင် စိတ်ဖြစ်မယ့်သူတွေ အများကြီး ရှိပါလိမ့်မယ်။ အရသာရှိတဲ့ ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ကဏန်းဟင်းမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကော ဆိုး ကျိုးတွေပါ ရှိနေပါတယ်။ ကောင်းကျိုးများ – ဆီးချိုရောဂါအတွက် ကောင်းပါတယ်...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) အခုလို နှာစေး၊ ချောင်းဆိုး၊ အအေးမိ၊ တုပ်ကွေးဖြစ်သူ များပြားချိန်မှာ လည်ချောင်းနာတဲ့ဝေဒနာကို ခံစားရသူတွေလည်း များနေပါတယ်။ လည်ချောင်းနာနေချိန်မှာ ပူစပ်ပူလောင် ခံစားရသလို အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ်ပါတယ်။ လည်ချောင်းနာတာက အများအားဖြင့်...
လေဖြတ်ခြင်းကို ဟန့်တားနိုင်ဖို့ အာလူးမီးဖုတ်၊ ဆီး(ဇီး)ဖျော်ရည်၊ အဆီနည်း ဒိန်ချဉ်၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီးဖျော်ရည်၊ ဟင်းနုနယ်ရွက်စတာတွေကို စားပေးသင့်ပါတယ်။
အရက်စွဲနေသူတွေ အရက်ပြတ်ချင်တယ်ဆိုရင် အရက်သောက်ချင်စိတ်ပြင်းပြမှုကို ကျော်လွှားနိုင်ရပါမယ်။ အရက်ကို အလွန်အကျွံသောက်သုံးတဲ့အတွက် အသည်းကိုထိခိုက်စေနိုင်ပါတယ်။ အရက်စွဲနေသူတွေအတွက် အရက်ကို အသင့်အတင့်ပဲသောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာချမှတ်လိုက်နာနိုင်ဖို့ မလွယ်ပါဘူး။ အရက်ဖြတ်ချိန်မှာ အရက်သောက်ချင်လွန်းတဲ့ စိတ်လျော့ကျစေဖို့ ချမိုမိုင်းလက်ဖက်ရည်ကြမ်းကို သောက်ရပါမယ်။ ချမိုမိုင်း(Chamomile)လက်ဖက်ရည်မှာ စိတ်အပန်းပြေစေတဲ့အာနိသင်နဲ့ စိတ်တည်ငြိမ်စေတဲ့အစွမ်းတို့ ပါရှိပါတယ်။...