မေး။ ။ အောက်မျက်ခမ်းမှာလေ အဆီအိတ်လိုလို အရေပြားပေါ်မှာကပ်ပေါက်နေတာကိုဘယ်လိုခေါ်လဲ မသိဘူး။ ပြီးတော့ လေဆာနဲ့ဖျောက်ရင်ရော အန္တရာယ်ကြီးနိုင်လား ဆရာ။ ဒေါ်သီရိကြယ်စင်ခ (FB) ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။ ဖြေ။ ။ မျိုးဗီဇကြောင့်ဖြစ်လေ့ရှိတဲ့ Eye bags လို့ ယူဆရပါတယ်။ အတိအကျသိဖို့က...
ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူး ကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ ဆီးထဲမှာ ဘာကြောင့် အသားဓာတ်ပါရတာလဲ ဆရာ။ ဖြေ။ ။ သာမန်လူတစ်ယောက်ဟာ ကျောက်ကပ်ကနေတစ်ဆင့် တစ်နေ့မှာ ဆီးထဲ အသားဓာတ် (Protein) ၂၀၀ မီလီဂရမ်ထက် လျော့နည်းပြီး ပါဝင်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) မစ္စတာဘီတီ ကံကောင်းတယ်လို့ဆိုနိုင်တယ်။ အရက်မူးမူးနဲ့ အိပ်ဆေးလက်တစ်ဆုပ်စာ သောက်လိုက်ပေမယ့် အချိန်မီကုသနိုင်လို့ အသက်ချမ်းသာရာရသွားတယ်။ အသက် ၄၀ ကျော်အရွယ်ဘီတီကို ဆေးကုသဆောင်မှာ စာရေးသူတွေ့ဆုံစစ်ဆေးတော့ သူသတိရနေပြီ။ ဘီတီဘာကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားသလဲ။ ဇနီးက သားသမီးနှစ်ယောက်ကိုခေါ်ပြီး...
၊ အေးမို့မို့ဇော် ၊ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်နှင့် ရေကျောက်ရောဂါဖြစ်ပွားသူတို့ ထိတွေ့မိပါက သန္ဓေသားတွင် မွေးကင်းစရေကျောက်ဖြစ်နိုင်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေးကျန်းမာပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာရဲမြင့်ကျော်၏ ပြောပြချက်အရသိရသည်။ ရေကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ယင်းဗိုင်းရပ်စ်ပိုးဝင်ပါက နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့ဖြစ်ပွားကာ ကိုယ်ခန္ဓာတွင် အနီစက်များ၊...
၊ မိုးမင်းထွန်း ၊ အိန္ဒိယနိုင်ငံမှ အသက် ၁၈နှစ်အရွယ် ဆာဘယ်လ်ပါဗီးဟာ Osteogenesis Imperfecta အမည်ရတဲ့ ရှားပါးမျိုးဗီဇရောဂါတစ်မျိုး ခံစားနေရပါတယ်။ အရိုးကြွပ်ဆတ်တဲ့ရောဂါလို့ ခေါ်ဝေါ်ကြ ပြီး ဝေဒနာရှင်တွေရဲ့အရိုးတွေဟာ ဖွဲ့စည်းပုံမမှန်ဘဲ ကျိုးလွယ်တတ်ကြပါတယ်။ သူဟာ မွေးကတည်းက အရေပြားပါးနေခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာတော့...
၊ ကိုထက် ၊ ကျန်းမာတဲ့ ကိုယ်နေဟန်ရှိတဲ့ ခန္ဓာကိုယ်ဟာ ဆွဲဆောင်မှုရှိစေရုံသာမက လှုပ်ရှားသွားလာရာမှာလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သွေးလည်ပတ်မှုတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုမိုကောင်း မွန်စေနိုင်သလို စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း အလင်းရောင်ကောင်းစွာရတဲ့ နေရာမှာ တင်ပလင်ခွေထိုင်နေရပါမယ်။ ခါးတွေကို ဖြောင့်နေ အောင်ထားထားရပါမယ်။...
သွေးတွင်းကိုလက်စထရောများတာက နှလုံးသွေးကြောဆိုင်ရာရောဂါဝေဒနာကိုဖြစ်စေတဲ့ အဓိကအန္တရာယ်တစ်ခုဖြစ်တာကြောင့် ထိန်းချုပ်ဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရောတွေများပြီး မကောင်းတဲ့ ကိုလက်စထရောတွေလျော့ကျစေဖို့ အောက်ပါအချက်တွေကို လိုက်နာပေးပါ။ (၁) ပြည့်ဝဆီအနည်းဆုံးပါသော အဆီနည်းအစာကိုပဲရွေးစားပါ။ အဆီထုတ်မထားတဲ့ အသား၊ ဒိန်ခဲ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေက ပြည့်ဝဆီပါဝင်တဲ့ အဓိကအစားအသောက်တွေဖြစ်ပါတယ်။ ဒါကြောင့် အဆီမပါတဲ့အမျိုးအစားကိုအဓိကရွေးဝယ်ဖို့လိုပါတယ်။...