ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းအပြင် သွေးတိုးရောဂါရှိပြီးသူတွေ နောက်ဆက်တွဲရောဂါမ၀င်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။ ဖြေ. သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကာကွယ်နည်းလေးမျိုးရှိပါတယ်။ (၁) Primodial Prevention ဒါက ဘာကိုဆိုလိုသလဲဆိုတော့ မြန်မာပြည်လူဦးရေအားလုံးဟာ သွေးတိုးမဖြစ်အောင် ကာကွယ်ဖို့ပြောတာပါ။ မဖြစ်သေးတဲ့သူတွေကိုကာကွယ်ပြီး...
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ အတွင်းရေးမှူး-ရွှေရောင် နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. အမျိုးသမီးတွေမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အကျိတ်တွေက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။ ဖြေ. မိန်းကလေးတွေမှာ အပျိုဖော်ဝင်တဲ့အရွယ်က စပြီး ရင်သားကကြီးထွားလာပါတယ်။ ရင်သားထဲမှာ ရှိတဲ့ နို့ရည်ဂလင်းတွေကြီးလာသလို အဆီဂလင်း တွေကလည်း...
ပါမောက္ခဦးအေးမွန် ( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ပန်ကရိယရောင်ရမ်းတဲ့အခါ အသိသာဆုံး ရောဂါလက္ခဏာကတော့ ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုးပဲ ဖြစ်ပါတယ်။ ရင်ခေါင်းအောင့်တတ်ပါတယ်။ ချက်ပတ်ဝန်းကျင်လည်း အောင့်တတ် ပါတယ်။ ပန်ကရိယရောင်ရမ်းတာက အစာအိမ်ပေါက်တာနဲ့ ဆင်တူပါတယ် . . . မေး။...
ပါမောက္ခဦးကိုကို ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ယခင်တစ်ပတ်မှအဆက် မေး. အင်ဆူလင်ကို ဘယ်အချိန် ထိုးရမလဲဆရာ။ ဖြေ. အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက ရောဂါ စဖြစ်တာနဲ့ အင်ဆူလင်ဆေးထိုးရပါတယ်။ ဖြေ. အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ဆေးသောက်ပေမယ့် အင်ဆူလင် ထုတ်နိုင်စွမ်းမရှိတော့ တဲ့ အခြေအနေရောက်ရင်...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) မတော်တဆ အမြင့်မှလိမ့်ကျပြီး မှတ်ဥာဏ်ပျက်ပြားရောဂါ ခံစားနေရတဲ့ လူနာပီတာအကြောင်းကို ဒေါက်တာတွမ်က စာရေးသူနဲ့ လာရောက်ဆွေးနွေးပါတယ်။ “အရင်တစ်ပတ်က ဆရာနဲ့ဆွေးနွေးခဲ့တုန်းက ပီတာ ခံစားနေရတဲ့ မှတ်ဥာဏ်ပျက်ပြားရောဂါဟာ စိတ်ဖိစီးမှုဒဏ်ကြောင့် ဖြစ်ပွားတာမဟုတ်ဘူးလို့ ကျွန်တော်တို့ သဘောတူခဲ့တယ်မဟုတ်လား”...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံကြိုက်ရပြီးတဲ့အခါ စိတ်ဖိစီးမှု ခံစားရတဲ့ အဖြစ်အပျက်ကို လူနာက မေ့ထားချင်ပါတယ်။ ဒီအကြောင်းကို မစဉ်းစားချင်ဘူး။ ဒီအဖြစ်အပျက် စိတ်ထဲမှာပေါ်လာရင် ရင်နာလွန်းတယ်။ ဒါကြောင့် လူနာရဲ့’မသိစိတ်’က မျက်လှည့်ပြတယ်။ အဲဒီအတွေးတွေ ‘အသိစိတ်’ထဲ...
ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း) မေး. အသည်းအဆီဖုံးခြင်း ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။ ဖြေ. အသည်းအဆီဖုံးခြင်းဖြစ်ရတဲ့ အဓိက အချက်နှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ အရက်သောက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အသည်းအဆီဖုံးခြင်းရယ်၊ နောက်တစ်ခုက အရက်နဲ့မဆက်စပ်တဲ့ အသည်းအဆီဖုံးခြင်းဆိုပြီးရှိပါတယ်။ တစ်ခါတလေ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ အသည်းအဆီဖုံးခြင်းလည်း ရှိပါတယ်။...
ဒေါက်တာတင့်ဆွေ ၁။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်ပါရှင့်။ ကလေးမွေးထားတာ ၁၈ရက်ပဲရှိပါသေးတယ်။ ကလေးမွေးပြီး ဆယ်ရက်လောက်ကတည်းက အ၀တ်လျှော်၊ မီးပူတိုက်လုပ်ရပါတယ်။ ကူလုပ်ပေးမယ့်သူလည်းမရှိသလို အ၀တ်လျှော်လည်းမအပ်နိုင်လို့ပါ။ အဲ့ဒါ အိမ်နားကလူတွေက မီးယပ်ကျိုးမယ်လို့ပြောတယ်ဆရာ။ မီးယပ်ကျိုးတယ်ဆိုတာ ဘာကိုပြောတာပါလဲဆရာ။ အခုလောလောဆယ်တော့ ခြေဖ၀ါးတွေကော လက်ဆစ်တွေကော ကိုက်နေလို့ပါ။...
ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) သြစတြေးလျနိုင်ငံ စိတ်ကျန်းမာရေးဘွဲ့လွန်သင်တန်းမှာ ဥပဒေစည်းမျဉ်းတစ်ခုရှိပါတယ်။ ဘွဲ့လွန်သင်တန်းသားဆရာဝန်တိုင်း စိတ်ရောဂါလူနာ ၆ ဦးကို မိမိတို့ကိုယ်တိုင်လေ့လာပြီး လူနာရဲ့ရောဂါ အကြောင်းကို အသေးစိတ် စာတမ်းပြုစုရပါတယ်။ အဲဒီလို ရေးသားနိုင်ဖို့ အကြံဥာဏ်ရယူချင်ရင် သက်ဆိုင်ရာ ဆရာဝန်ကြီးနဲ့ ဆွေးနွေးမေးမြန်းပါတယ်။...
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)၊ (အတွင်းရေးမှူး-ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ အကျိုးပြုဘက်တီးရီးယား (Probiotics)အကြောင်း သိပါရစေ ဆရာ။ ဖြေ။ ။ လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေမှာ ကောင်းတဲ့ ဘက်တီးရီးယား (Good Bacteria) နဲ့မကောင်းတဲ့ ဘက်တီးရီးယား (Bad...