၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် အသက် ၆၇နှစ်အရွယ် ဦးဥာဏ်ထွန်းသည် ၀မ်းသွားရသည်ကို အားမရဘဲ မကြာခဏ ၀မ်းသွားနေခဲ့သော်လည်း တဖြည်းဖြည်းသွေးပေါင်ကျလာသည့် စက်တင်ဘာလရောက်မှသာ ကျန်းမာရေးစစ်ဆေးမှုခံယူဖြစ်ခဲ့ကြောင်း သူ၏ ကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။ “ ၂၀၁၅...
ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. အူအတက်ရောင်တာ၊ အူပုပ်တာစတဲ့ အစာခြေလမ်းကြောင်းရောဂါတွေအတွက် ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ ဘယ်လိုအချက်တွေကို အဓိကလုပ်ဆောင်သင့်ပါသလဲ ဆရာ။ ဖြေ. ဗိုက်ခွဲပြီး ကုသမှုခံယူထားရင် အကြမ်းဖျင်းအားဖြင့် ဗိုက်ခွဲပြီးစမှာ အစာမစားရပါဘူး။ ရေလည်း မသောက်ရပါဘူး။ ခွဲပြီးတစ်ရက်ကြာလို့ လေလည်မှသာ အရည်စတင်သောက်ရပါတယ်။...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) ကလေးအသက်ရှစ်လပြည့်ပြီဆိုတာနဲ့ ကလေးကို ဒိန်ချဉ်စတိုက်လို့ရပါပြီ။ ပြီးရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို စကျွေးနိုင်ပါပြီ။ ဘယ်လိုကျွေးမလဲဆိုတော့ ညနေသုံးနာရီရောက်ပြီဆိုတာနဲ့ ကလေးကို ဒိန်ချဉ်လေးတစ်ဇွန်းကို ထမင်းစားဇွန်းတစ်ဇွန်းကျွေးရင်ရပါပြီ။ ဒိန်ချဉ်ကိုတစ်ပတ်မှာသုံးရက် (ဥပမာ- တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာစသဖြင့်) စတင်ကျွေးလို့ရပါပြီ။ ဒါ့အပြင် ချိစ်ဒိန်ခဲလေးတွေကိုလည်း...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) “ဆီးအောင့်တယ် မေမေ” ကျောင်းက ပြန်ရောက်ရောက်ချင်း အမောတကောပြေးလာပြီး အိမ်သာထဲအတင်းဝင်ကာ ပြန်ထွက်လာသည့် သမီးလေး နှင်းဖွေးက မျက်နှာရှုံ့မဲ့လျက်ပြောသည်။ “ကျောင်းမှာ ဆီးမသွားခဲ့ဘူးလားသမီး” “မသွားချင်ဘူး မေမေ၊ ကျောင်းက အိမ်သာကညစ်ပတ်ပြီး နံစော်နေလို့ မသွားချင်ဘူး” တကယ်တော့ သမီးလေးနှင်းဖွေးက...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) မန္တလေးတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာတွင် နေထိုင်သည့် ဒေါ်မြင့်ကြည်သည် ၂၀၀၉ ခုနှစ်၌ အသက် ၄၂ နှစ်အရွယ်တွင် ရင်သားကင်ဆာဝေဒနာလက္ခဏာများ စတင်ခံစားခဲ့ရသည်။ “စစချင်း အကြောတွေ တက်တယ်။ လည်ပင်းကြောတွေ တက်တယ်၊ နောက်ကျောတွေ...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) လက်ဖက်ရည်သောက်ဖို့ အနားယူချိန်ပြီးဆုံးတော့ ကျောင်းဆရာ၊ ဆရာမတွေအတွက် စိတ်ကျန်းမာရေး ပညာပေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပပါတယ်။ “အပြုအမူ ဆိုးသွမ်းဝေဒနာ (Conduct Disorder)ရှိတဲ့ ကျောင်းသားကို ကျောင်းဆရာ၊ ဆရာမက ဘယ်လိုကူညီနိုင်ပါသလဲ”လို့ ကျောင်းဆရာမ ဒေါ်အေက...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆီးချိုရောဂါနဲ့ အ၀လွန်ခြင်းဆက်စပ်မှုကို ရှင်းပြပေးပါ ဆရာ။ ဖြေ. ဆီးချိုရောဂါမှာ အမျိုးအစား(၁) ဆီးချိုရောဂါနဲ့ အမျိုးအစား(၂)ဆီးချိုရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက အသက်ငယ်ပြီး ပိန်ကြပါတယ်။ အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ၀ပြီးအသက်ကြီးကြပါတယ်။...
– ဒေါက်တာတင့်ဆွေ ကိုယ်ကာယကြီးထွားစေတဲ့စတီရွိုက်ဆေး (Body building Steroids)ကို အတော်ကြီး သတိထား သုံးရတယ်။ ဆေးသုံးပြီး ၇ ပတ်နေရင် သိသာမယ်လို့ ဆေးရောင်းတဲ့ ၀က်ဘ်ဆိုက်ကနေ ဆိုပါတယ်။ တ ကယ်တိုးတက်မှုရှိမယ်ဆိုရင် ကိုယ်ခန္ဓာဟာ လေထိုး၊ ရေထိုးထားသလိုမျိုးဆင်တူပါမယ် ....
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) မွေးစမှ ၆လအောက် ကလေးများအား မိခင် နို့တိုက်ကျွေးနှုန်း မြင့်တက်လာသော်လည်း မီးဖွားပြီး တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးနှုန်း ကျဆင်းလာကြောင်း ၂၇-၈-၂၀၁၈ ရက်နေ့က မန္တလေးမြို့၊ ဟိုတယ်မန္တလေးတွင် ကျင်းပသည့် မြန်မာနိုင်ငံတွင် မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်း လုပ်ငန်းများ မြှင့်တင်ရေးအခမ်းအနားမှသိရသည်။...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) သြစတြေးလျနိုင်ငံမြောက်ပိုင်းပြည်နယ်၊ ဒါဝင်မြို့တော်မှာ စိတ်ကျန်းမာရေးဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပါတယ်။ အထက်တန်း ကျောင်းတစ်ကျောင်းက ကျောင်းအုပ်ဆရာမကြီးရဲ့ ဖိတ်ကြားချက်အရ ကျောင်းတွင်းစိတ်ကျန်းမာရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်။ အဲဒီဆွေးနွေးပွဲမှာ စာရေးသူတင်ပြဆွေးနွေးခဲ့တဲ့ “ အပြုအမူ ဆိုးသွမ်းဝေဒနာ” လို့...