၊ စူး (ဆေးဝါးတက္ကသိုလ်) ၊ ခွေးဆိုတာ လူတွေအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကံမကောင်းအကြောင်းမလှရင် ခွေးကိုက်ခံရတတ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါ ပိုးဝင်တာ၊ အနာရင်းတာ၊ ပြည်တည် စတာတွေ ဖြစ်တတ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းမရောက်ခင် ရှေးဦးသူနာပြုစုဖို့ အရေးကြီးပါတယ်။ –...
၊ စူး(ဆေးဝါးတက္ကသိုလ်) ၊ အိုသွေးပိုင်ရှင်ဖြစ်လျှင် ကျန်းမာစေဖို့ ပူဒီနာ(ပူစီနံ)လက်ဖက်ရည်ကြမ်း၊ ချင်း (ဂျင်း)လက်ဖက်ရည်ကြမ်း၊ ဂျင်စင်းလက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်တို့ကို သောက်ရပါမယ်။ အေသွေးပိုင်ရှင်ဖြစ်လျှင် ကျန်းမာစေဖို့ ချမိုမိုင်းလက်ဖက်ရည်ကြမ်း၊ စပယ်ရနံ့ လက်ဖက်ရည်ကြမ်း၊ လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ စမုံစပါး လက်ဖက်ရည်ကြမ်းတို့ကို သောက်ရပါမယ်။ ဘီသွေးပိုင်ရှင်ဖြစ်လျှင် ကျန်းမာစေဖို့...
၊ လရိပ်မေ ၊ အီစထရိုဂျင်ဟော်မုန်းကို အမျိုးသမီးလိင်ဟော်မုန်းလို့ လူသိများပြီး အမျိုးသမီးနဲ့ အမျိုးသားတွေမှာ တွေ့ရပါတယ်။ အမျိုးသမီးတွေ သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင်ဟော်မုန်း ချို့တဲ့သွားတတ်တဲ့အတွက် ပြန်လည်ဖြည့်တင်းနိုင်ဖို့ သဘာဝအစာတွေကို ရွေးချယ်စားသင့်ပါတယ်။ – မြေပဲ မြေပဲမှာ ဖိုင်တိုအီစထရိုဂျင်ဖြစ်တဲ့ လစ်ဂနင်ဓာတ် ပါဝင်ပါတယ်။...
တချို့အစာတွေက တွဲဖက်စားလိုက်ရင် ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်ပေမယ့် အောက်ပါအစာတွေကို တွဲဖက်စားရင် ကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ထောပတ်သီးကို ခရမ်းချဉ်သီးနဲ့တွဲစားဖို့ ပြောတာမဟုတ်ပါဘူး။ ခရမ်းချဉ်သီးဟင်းနဲ့ ထမင်းစားပြီးချိန်မှာ သရေစာအနေနဲ့ ထောပတ်သီးဖျော်ရည် သောက်ပေးရင် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးရရှိနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ခရမ်းချဉ်သီး+ ထောပတ်သီး ခရမ်းချဉ်သီးမှာ...
လရိပ်မေ နွေကာလမှာ အသားအရေက နေလောင်ဒဏ်နဲ့ ရေဓာတ်ခမ်းခြောက်မှု ဒဏ်တွေကြောင့် နွမ်းနယ်ထိခိုက်မနေဘဲ ကြည်လင် တောက်ပ နေစေဖို့ အောက်ပါ အသားအရေ ထိန်းသိမ်းနည်းတွေကို လိုက်နာသင့်ပါတယ်။ (၁) သန့်ရှင်းမှုကို အလေးထားပါ မျက်နှာမသစ်ခင် လက်တွေကို ဆပ်ပြာ အပျော့ စားနဲ့...
လရိပ်မေ သင့်ဆံပင်တွေ ကျွတ်နှုန်းများနေသလား။ ဆံပင်ကျွတ်စေတဲ့ အကြောင်းရင်း ၁၅မျိုးရှိတဲ့ အတွက် သင်ကဘယ်အချက်ကြောင့် ဖြစ်ရသလဲ ဆိုတာသိအောင် လေ့လာကြည့်ဖို့ အကြံပြုချင်ပါ တယ်။ (၁)- စိတ်ဖိစီးမှုများခြင်း (၂)- ကိုယ်ဝန်ရှိခြင်း (၃)- ဗီတာမင်အေ အလွန်အမင်းမှီဝဲခြင်း (၄)- ပရိုတင်းဓာတ်ချို့တဲ့ခြင်း...
မီမိုး (ဆေးဝါးတက္ကသိုလ်) ညဘက်ချွေးထွက်များပြီး အိပ်ရာခင်းနဲ့ အ၀တ် အစားတွေက ချွေးတွေနဲ့ စေးထန်းနေရင် ဘာအကြောင်းကြောင့် ဖြစ်ရသလဲဆိုတာ ဆန်းစစ်ရှာဖွေပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ (၁) အာရုံကြောဆိုင်ရာ ဝေဒနာများ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာ တချို့ ဖြစ်တာကြောင့် ညဘက်မှာ...
တစ်နေ့ အနည်းဆုံး မိနစ် ၃၀နဲ့ တစ်ပတ် ၃-၄ ကြိမ် လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်နဲ့ခန္ဓာကို ကျန်းမာစေ တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် ကြွက်သားတွေကို သန်စွမ်းစေ ပြီး နှလုံးရောဂါအန္တရာယ် ကင်းဝေးစေပါတယ်။ လေ့ ကျင့်ခန်းမှာ လမ်းလျှောက်တာနဲ့...
အိပ်မပျော်သူတွေအတွက် အိပ်ရာမ၀င်ခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ စားသင့်တဲ့ အစာတွေက- ကြက်ဥပြုတ်/ဘဲဥပြုတ်၊ ငှက်ပျောသီး၊ အမည်းရောင်ချောကလက်၊ ပူဒီနာ(ပူစီနံ) လက်ဖက်ရည်ကြမ်း၊ ပေါင်မုန့်ညို၊ ချယ်ရီသီး စတာတွေ ဖြစ်ကြပါတယ် Ref;(HD)
၊ လရိပ်မေ ၊ မျက်စိကျန်းမာရေးအတွက် ဘယ်တော့မှမလုပ်သင့်တဲ့ အကျင့်တွေကိုဖော်ပြလိုက်ပါတယ်။ (၁) နေကာမျက်မှန်မပါဘဲ အပြင်ထွက်ခြင်း အပြင်သွားတဲ့အခါ နေကာမျက်မှန်မပါဘဲ အပြင်သွားတာကြောင့် မျက်ဝန်းတစ်ဝိုက်အရေးကြောင်းတွေထင်တတ်သလို မျက်အိတ်တွဲကျတာ၊ မျက်ကွင်းညိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိအတွင်းတိမ်စွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ (၂) မျက်စိပွတ်ခြင်း...