မေး. ကာလသားရောဂါပိုးကို အချိန်မီမကုသပါက နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကို သိချင်ပါတယ်။ ကိုလင်းထွန်း၊ ချောက်မြို့။ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. လိင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ခြုံပြီး ကာလသားရောဂါလို့ ပြောလိုက်တာပါ။ ကာလသားရောဂါဆိုတာ အများကြီးရှိပါတယ်။ ဆစ်ဖလစ်ရောဂါဆိုတာ အချိန်မီကုဖို့လိုတယ်။...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) (၁) နေပူဒဏ်ခံနိုင်ဖို့ ချည်သားပွပွ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်ဝတ်သင့်ပါတယ်။ (၂) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။ နေဒဏ် ကာကွယ်နိုင်အောင် ခရမ်းချဉ်သီးဟင်းလျာ စားပေးပါ။ (၃) ရေများများသောက်ပေးပါ။ ချွေးထွက်များလွန်းရင် ဓာတ်ဆားရည်ကို သောက်ပေးဖို့မမေ့ပါနဲ့။ ရေခဲရေ...
မေး. ကျွန်မအမေက ၀ပါတယ်။ ၀လည်းဝတော့ လှေကားအတက်အဆင်းလုပ်ရင် ဒူးနာတယ်လို့ ပြောပါတယ်။ ဒူးနာတာသက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲရှင့်။ Hunny (FB) ပါမောက္ခဦးနေ၀င်း (အရိုးအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ၀လာတာနဲ့အမျှ လမ်းလျှောက်များတာ၊ လှေကားအတက်အဆင်းလုပ်တာ များတာတွေကြောင့် ဒူးနာတတ်ပါတယ်။ အထပ်မြင့်မှာ နေရတဲ့သူတွေက...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံ၊ လက်ဆက်စတာတက္ကသိုလ်မှ သုတေသီတွေက လူ ၄၂၀၇၂၇ ယောက်တို့ရဲ့၆ နှစ်တာကာလအတွင်း သေဆုံးနှုန်းကို စူးစမ်းခဲ့ကြပါတယ်။ ရလဒ်အဖြစ် လမ်းလျှောက်နှေးသူတွေက ကမ္ဘာ့လူသေဆုံးမှုအများဆုံး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေအလားအလာ ၁ ဒသမ ၈ နဲ့ ၂...
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ အတွင်းရေးမှူး-ရွှေရောင် နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. အမျိုးသမီးတွေမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အကျိတ်တွေက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။ ဖြေ. မိန်းကလေးတွေမှာ အပျိုဖော်ဝင်တဲ့အရွယ်က စပြီး ရင်သားကကြီးထွားလာပါတယ်။ ရင်သားထဲမှာ ရှိတဲ့ နို့ရည်ဂလင်းတွေကြီးလာသလို အဆီဂလင်း တွေကလည်း...