၊ လရိပ်မေ ၊ ဆောင်းတွင်းကာလ အဖြစ်များတဲ့ ခြေဖနောင့် ကွဲတဲ့ ဝေဒနာ သက်သာစေဖို့ အောက်ပါ အိမ်တွင်း ကုထုံးတွေကို သုံးသင့်ပါတယ်။ (၁) သံပရိုသီး၊ ဆား၊ ဂလစ်ဆရင်းအလှဆီ၊ နှင်းဆီရေ ခြေဖနောင့် အက်ကွဲနာကျင်တဲ့ ဝေဒနာ သက်သာပြီး...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ် ) ကိုထွန်းနိုင်နဲ့ မမေသီတို့ အိမ်ထောင်သက်တမ်းသုံးနှစ်ကျော်မှ ကိုယ်ဝန်ရလာလို့ သိပ်ကို ပျော်ရွှင်ဝမ်းသာနေကြတယ်။ သမီးဦးလေး မီးမီးမွေးလာတော့ ကိုထွန်းနိုင်တို့ဇနီးမောင်နှံတင်မက နှစ်ဖက် မိဘတွေကပါ သည်းသည်းလှုပ်ချစ်ခဲ့ကြတယ်။ တစ်ဦးတည်းသော သားဖြစ်တဲ့ ကိုထွန်းနိုင်က အိမ်ထောင်ကျကတည်းက မိဘတွေနဲ့မခွဲဘဲ အတူနေပြန်တော့ မီးမီးက...
မေး။ ။ ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်ရင် အိပ်ဆေးသောက်လို့ရပါသလား ဆရာ။ စန္ဒာ၊ တွံတေး။ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေ။ ။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိပ်ပျော်အောင် စိတ်ဖိစီးမှုများနေတာတွေ၊ ရှေ့ရေးကိုတွေးပြီး ပူပင်သောကများနေတာတွေကို လျှော့ချသင့်ပါတယ်။ အချိန်ရတိုင်း အနားယူပေးဖို့ လိုအပ်သလို...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံမှ အသက် ၁၇ နှစ်အရွယ် အန်နာဂီးလက်စ်က ထူးဆန်းတဲ့ရောဂါတစ်မျိုးကြောင့် ကျောင်းကထွက်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က စဖြစ်ခဲ့တဲ့ရောဂါကြောင့် သူဟာ ခန္ဓာကိုယ်အလေးချိန်လည်း အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးတာတွေ၊ ဆေးရုံအလီလီတက်ခဲ့တာတွေ ရှိခဲ့ပေမယ့် ဆရာဝန်တွေက သူရောဂါကို...
ဒေါ်ခင်ခင်ရှိန် (ညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း ပြီးခဲ့တဲ့ တစ်ရက်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ သံပန်းတပ်တဲ့ ကလေးတစ်ယောက်ရဲ့ ရင်ဘတ်ပေါ် ၀ါယာကြိုးက ပြုတ်ကျခဲ့တယ်။ သူ့ကို ၀င်ဆွဲတဲ့နှစ်ယောက်ပါရောပြီး ဓာတ်လိုက်သွားပါတယ်။ ဒါနဲ့ အဲဒီက ရှေးဦးပြုစုတတ်သူတစ်ဦးက အဲဒီကောင်လေးတွေကို...