၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) လက်ဖက်စိမ်း၊ လက်ဖက်မည်း၊ အူလွန်၊ အဖြူ ရောင်လက်ဖက်စတာတွေက အရသာမတူညီကြသလို ဆေးဖက်ဝင်အာနိသင်တွေလည်း အသီးသီးရှိကြပါတယ်။ လက်ဖက်ခြောက်တွေကို ရေနွေးပူပူထဲ စိမ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးလေ့ရှိသလို လက်ဖက်ရွက်ကိုပဲနှပ်ပြီး စားလေ့လည်း ရှိကြပါတယ်။ လတ်ဆတ်တဲ့ လက်ဖက်ရွက်ဖြစ်ဖို့တော့...
ရေဆိုတာ အသားအရေလှပဖို့အတွက်အဓိက သော့ချက်ပါ။ ကျန်းမာဖို့ မရှိမဖြစ်ဆိုလည်း မမှားပါဘူး။ ရေဓာတ်ပြည့်ဝတာကအသားအရေမှာ မရှိမဖြစ် အစိုဓာတ်ရရှိစေပြီးချောမွေ့စေပါတယ်။ရေဓာတ်ခမ်းခြောက်ရင်အသားအရေနွမ်းနယ်ပြီး အသားအရေအလှအပကို ထိခိုက်စေပါတယ်။ တစ်ညတာ အိပ်ရေး၀၀ အိပ်စက်အနားယူပြီးရင် ခန္ဓာကိုယ်ကရေဓာတ် ပြန်ဖြည့်ဖို့လိုပါတယ်။ တစ်နေ့တာကိုရေတစ်ဖန်ခွက်နဲ့ စတင်လိုက်ရင် ဦးနှောက်အားပြည့်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။...
မိုးမင်းထွန်း (Ref;BBC) လက်မစုပ်တတ်တဲ့ကလေးနဲ့ လက်သည်းကိုက်တတ်တဲ့ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ရောဂါပိုးမွှားတချို့နဲ့ထိတွေ့မှုရှိတာက ခန္ဓာကိုယ်ခုခံအားစနစ်ကို သန်စွမ်းစေတာကြောင့် ဖြစ်နိုင်တယ်လို့သုတေသီတွေက မှန်းဆကြပါတယ်။ နယူးဇီလန်မှ အသက် ၅ နှစ်အရွယ်ကနေ၃၂နှစ်အထိလူတစ်ထောင်ကို စစ်တမ်းကောက်ယူချက်အရ လက်မစုပ်၊ လက်သည်းကိုက်တဲ့ အကျင့်က ဓာတ်မတည့်မှုတချို့ ကာကွယ်ပေးတာကိုတွေ့ခဲ့ရပါတယ်။...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ကိုလွင်နဲ့ ချစ်သူဖြစ်ပြီး အပြင်တွေထွက်လည်တိုင်း မေ သတိထားမိတာ တစ်ခုရှိနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူဟာ မေနဲ့အတူ လမ်းကူးတဲ့ အခါ ကားလာတဲ့ ဘက်မှာ ဘယ်တော့မှ မနေတာပါပဲ။ အရင်ကသေချာသတိမထားမိပေမဲ့ ဘတ်စ်ကားပေါ်က...
ဦးအုန်းသွင် (သင်တန်းအရာရှိ၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း) ထိခိုက်ရှနာပြုစုရာမှာ ဖြစ်ပေါ်တဲ့ ဒဏ်ရာအမျိုးအစားပေါ် မူတည်ပါတယ်။ ဥပမာ ချော်လဲသွားလို့ပွန်းသွားတာနဲ့ တစ်ခုခုနဲ့ ပြတ်ရှလို့ ထိမိတာမှာ သွေးထွက်တာချင်း မတူပါဘူး။ ပွန်းပဲ့သွားတဲ့ ဒဏ်ရာဆိုရင် ရှေးဦးပြုစုလို့ရပါတယ်။ ပွန်းပဲ့ဒဏ်ရာအား ရှေးဦးပြုစုခြင်း ကျောင်းတွေမှာ ကလေးတွေ...
ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ သားအိမ်ခေါင်းကင်ဆာကို ဘယ်လောက်ကြာ တစ်ခါ စမ်းသင့်သလဲ မေး။ ။ သားအိမ်ခေါင်းကင်ဆာစမ်းသပ်နည်းက ဘယ်လောက်ကြာ တစ်ခါ ပြုလုပ်သင့်ပါသလဲ ဆရာ။ မြတ်လေးခင်၊ ကျောက်မြောင်း။ ဖြေ။ ။ သားအိမ်ခေါင်းကင်ဆာ စစ်တာထက် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို...
၊ ငွေကြယ်စင်ယံ ၊ ကျန်းမာရေးစည်းမျဉ်းဟောင်း – အလုပ်ပြီးချိန်မှာ ညစဉ်ညတိုင်း ၀ိုင်တစ်ဖန်ခွက်သောက်ပါ။ ဒီလိုသောက်တာကြောင့် အချမ်းပြေပြီး နွေးထွေးကာသင့်အတွက် ကျန်းမာစေမှာပါ။ – ဖြစ်နိုင်ရင် အဆီများတဲ့ငါးကို များများသာ စားစမ်းပါ၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါလို့ နှလုံးကို ကာကွယ်နိုင်မှာ...
လေ့ကျင့်ခန်းလုပ်တာက အသားအရေလှပတောက်ပြောင်မှုအတွက် အရေးပါပါတယ်။နံနက်စောစောမှာလေ့ကျင့်ခန်းလုပ်ရင် တစ်နေ့တာလုံးစွမ်းအင်တိုးစေပါတယ်။ အပြင်ထွက်လေ့ကျင့်ခန်း လုပ်ရင် လတ်ဆတ်တဲ့လေကောင်းလေသန့်ကို ရှူရှိုက်ဖြစ်စေပြီး တစ်ကိုယ်လုံးကျန်းမာလန်းဆန်းစေပါတယ်။ လေ့လာမှုအမျိုးမျိုးအရ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေက ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတယ်လို့ သိရပါတယ်။ ညဘက် အိပ်ပျော်တာကလည်း အသားအရေကို လန်းဆန်းအားပြည့်စေပါတယ်။ Healthy Life...
မိတ်ကပ်လိမ်းတယ်ဆိုတာ အနုပညာတစ်ရပ်ပါ။ မိတ်ကပ်လိမ်းတတ်ရင် ပင်ကိုရှိရင်းစွဲ အလှကိုပိုပေါ်လွင် ကြည့်ကောင်းစေသလောက် မလိမ်းတတ်ရင် ပင်ကိုအလှကိုတောင် မှေးမှိန်သွားစေတတ်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ အသားဖြူသူတွေလိမ်းတဲ့ ပုံစံအတိုင်း ညိုချောလေးတွေလိုက်တုပလိမ်းရင် အဆင်မပြေပါဘူး ။ ဒါကြောင့်ညိုချောလေးတွေရှောင်သင့်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း တချို့ကို ဖော်ပြလိုက်ပါတယ်။ –ဖြူဝင်းစေသော မိတ်ကပ်ကို ရှောင်ပါ...