Healthy Life Ad
Health Tips

ညိုချောလေးတို့ လျစ်လျှူရှုသင့်သည့် မိတ်ကပ်စည်းမျဉ်းများ

မိတ်ကပ်လိမ်းတယ်ဆိုတာ အနုပညာတစ်ရပ်ပါ။ မိတ်ကပ်လိမ်းတတ်ရင် ပင်ကိုရှိရင်းစွဲ အလှကိုပိုပေါ်လွင် ကြည့်ကောင်းစေသလောက် မလိမ်းတတ်ရင် ပင်ကိုအလှကိုတောင် မှေးမှိန်သွားစေတတ်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ အသားဖြူသူတွေလိမ်းတဲ့ ပုံစံအတိုင်း ညိုချောလေးတွေလိုက်တုပလိမ်းရင် အဆင်မပြေပါဘူး ။ ဒါကြောင့်ညိုချောလေးတွေရှောင်သင့်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း တချို့ကို ဖော်ပြလိုက်ပါတယ်။

ဖြူဝင်းစေသော မိတ်ကပ်ကို ရှောင်ပါ
အသားအရောင်အမျိုးမျိုးအတွက် ကြေးညိုရောင်ကို သုံးနိုင်ပါတယ်။ အသားဖြူသူကနေ အသားညိုသူတွေအထိ ကြေးညိုရောင် သုံးနိုင်တာမှန်ပေမယ့် အသားညိုတဲ့သူတွေ ကြေးညိုရောင်မိတ်ကပ်သုံးမယ်ဆိုရင် ပိုမို သင့်တော်ပါတယ်။အသားညိုသူတွေ လိုက်နာသင့်တာကတော့ သင့်အသားအရောင်ထက် ပိုလင်းတဲ့ ပါးနီကိုမသုံးပါနဲ့။ အသားအရေကို ပိုပြီး အဆီပြန်သလိုဖြစ်စေပါတယ်။ အသားအရေကို သဘာဝကျကျတောက်ပစေတဲ့ အရောင်မျိုးကိုပဲ လိမ်းပါ။

တောက်ပသည့်အပြောင်အလက်များကို ရှောင်ပါ
ညိုတဲ့သူတွေ အပြောင်အလက်များများ သုံးရင် အသားညိုတာကိုပိုသိသာစေပါတယ်။ လိမ္မော်ရောင်၊ အ၀ါရောင်၊ အပြာရောင်နဲ့ ပန်းရောင်စတာတွေက အသားညိုသူတွေအတွက် သင့်တော်ပါတယ်။ အိုင်းရှဲဒိုးသုံးမယ်ဆိုရင် အဲဒီအရောင်တွေကို ရွေးချယ်သင့်ပါတယ်။

အရောင်ဖျော့ကို ရှောင်ပါ
ခရမ်းရောင် အဖျော့၊ အပြာရောင်အဖျော့၊အစိမ်းရောင်အဖျော့စတဲ့ အရောင်တွေက နွေးထွေးတာမှန်ပေမယ့် အသားညိုသူတွေနဲ့ မလိုက်ဖက်ပါဘူး။

အရောင်ဖျော့ နှုတ်ခမ်းနီ ရှောင်ပါ
အသားညိုသူတွေက ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းနီကို ရှောင်သင့်ပြီး အနီရောင်၊ လိမ္မော်ရောင်စတဲ့ အရောင်ရင့်နှုတ်ခမ်းနီ ဆိုးသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top