ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး) ပန်းနာရင်ကျပ်ရောဂါရှိသူအတွက် သီးသန့်အစားအသောက်ရယ်လို့ မရှိပေမယ့် ပန်းနာရင်ကျပ်ဖြစ်လာပြီဆိုရင် အစားအသောက်တချို့နဲ့ မတည့်တာဖြစ်တတ်ပါတယ်။ ဒါကြောင့် စားရမယ့်အစာ၊ ရှောင်ရမယ့်အစာဆိုတာ ရှိလာပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံရှိဖို့ကလည်း အရေးကြီးပါတယ်။ ပန်းနာရင်ကျပ်ရောဂါရှိသူတို့ စားသင့်သည့်အစားအသောက်များ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ အဓိကစားသင့်တာက ဗီတာမင်စီ၊...
မိုးမင်းထွန်း ရင်ပူတာက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတဲ့ ဝေဒနာပါ။ အများအားဖြင့် အစာများများ စားပြီးချိန်နဲ့ အရက်များများ သောက်ပြီးချိန်တွေမှာ ရင်ပူတတ်ပါတယ်။ ခန္ဓာကိုယ်ကို လှဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် ခါးကုန်းလိုက်တဲ့အခါမှာ တချို့လူတွေဟာ ရင်ပူဝေဒနာ ဖြစ်တတ်ပါတယ်။ အစာအိမ်အက်စစ်ဆန်တက်ပုံက လူတစ်ဦးနဲ့ တစ်ဦးမှာ မတူညီပါဘူး။...
ကိုထက် သင်အကြိုက်နှစ်သက်ဆုံး အရာတွေကိုကြည့်ပြီး သင်ရဲ့စိတ်နေသဘောထားကို ခန့်မှန်းပြောဆိုနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အခုတစ်ပတ်မှာ ဘယ်လိုဆံပင်ဒီဇိုင်းပုံစံကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးက ဘယ်လိုစိတ်နေသဘောထားရှိတယ်ဆိုတာ လေ့လာထားတဲ့ စစ်တမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်အရှည်ထားရတာကို အကြိုက်ဆုံးဆိုရင် သင်က စိတ်ခံစားချက်ကို ဦးစားပေးသူပါ အမျိုးသမီးအများစုက ဆံပင်အရှည်ထားတာက...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံမှ အသက်၇၀အရွယ် အမျိုးသမီးတစ်ယောက်ဟာ အီတလီအိမ်မွေးခွေးက သူ့မျက်နှာကို လျှာနဲ့လျက်လိုက်တာကြောင့် သတိလစ်ကာ ဆေးရုံတက်ခဲ့ရပါတယ်။ သွေးစစ်ဆေးမှုရလဒ်အရ သူဟာ ခွေးနဲ့ ကြောင်တွေရဲ့ ပါးစပ်ထဲမှာတွေ့ရတဲ့ Capnocytophaga canimorsus ဘက်တီးရီးယားကူးစက် ခံရတယ်လို့တွေ့ရပါတယ်။ ဒီကူးစက်မှုက သွေးဆိပ်တက်မှုကို...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) မိန်းမကိုယ်ဟာ သင့်ကျန်းမာရေး၊ သင့်အိုမင်းမှု၊ သင့်ရာသီစက်ဝန်း စတဲ့ အကြောင်းအရာတွေကို ပြောပြပေးနေပါတယ်။ – မိန်းမကိုယ်က ဆင်းတဲ့ အရည်တိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ပါ မိန်းမကိုယ်က ဆင်းတဲ့ အဖြူအနည်းအများဟာ ရာသီစက်ဝန်းပေါ်မှာမူတည်ပြီး အတက်အကျ...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဒီတစ်ခါကုပေးရမယ့်လူနာက ဆရာဝန်ပေါက်စလေး တစ်ယောက်ပါ။ သူကတော့ အဖျားငွေ့ငွေ့နဲ့ တစ်လကြာအထိ မပျောက်လို့ ဓာတ်မှန်ရိုက်ကြည့်တော့မှ အဆုတ်တီဘီရောဂါဖြစ်နေတာ သိရပါတယ်။ တီဘီဆေးသောက်နေတာ တစ်လခွဲရှိနေပေမယ့် အဖျားဆက်ရှိနေတုန်းပါပဲ။ သလိပ်ပိုးမွေးလို့ အဖြေရလာတော့ ဆေးယဉ်ပါး တီဘီပိုးဖြစ်နေမှန်း သိရပါတော့တယ်။ ဆေးယဉ်တဲ့...