သံပရာသီး ဒါမှမဟုတ် သံပရိုသီးကို လေးထောင့်တုံးလေးတွေ လှီးထားပါ။
ရေခဲတုံးလေးတွေ လက်တစ်ဆုပ်စာ လိုအပ်ပါတယ်။
ဖရဲသီးတစ်စိတ်ကို အခွံနွှာ၊ အစေ့ဖယ်ပြီး လေးထောင့်တုံးလေးတွေ တုံးထားပါ။
လိုချင်တဲ့ အရသာ အပြင်း-အပျော့ပေါ် မူတည်ပြီး ရေတစ်လီတာ-၂ လီတာလောက်ထည့်ပါ။
ပူဒီနာ(ပူစီနံ)၁၀-၁၃ ရွက်လောက် ဆေးကြောထားပါ။
ပါဝင်ပစ္စည်းတွေကို ရေတကောင်းတစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ ရေထဲ အရသာ စိမ့်ဝင်ချိန်မှာ သောက်လို့ရပါပြီ။ ခန္ဓာကိုယ်အဆိပ်အတောက်ကင်းစေပြီး အသားအရေ ကြည်လင်စေပါတယ်။