———၊ ဒေါက်တာတင့်ဆွေ ၊——— အိုင်အိုဒင်းဓာတ်နည်းလို့ လည်ပင်ကြီးရောဂါ ဖြစ်တယ်ဆိုတာ ကြားဖူးပါတယ်။ အိုင်အိုဒင်းဓာတ်များလို့လည်း ၎င်းင်းရောဂါ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်ရန်-ရှောင်ရန်နှင့် ကုသပုံလေးကို အဓိကထားပြီး ပြောပြပေးပါ။ လူတွေလိုအပ်တဲ့ ဓာတ်ဆားတွေထဲမှာ Iodine (အိုင်အိုဒင်း)ဟာ အရေးပါတာတစ်ခုဖြစ်တယ်။ လည်ပင်းကြီးရောဂါနဲ့ ဆက်စပ်နေတာကို...
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) အပ်စိုက်ကုထုံးနဲ့ ရေခဲကုထုံးက ဟိုးအရင် ဆယ်စုနှစ်များစွာကတည်းက အသုံးပြုခဲ့ပြီးဖြစ်သလို အမျိုးမျိုးသော အခြေအနေတွေမှာ သက်သာရာ ရစေနိုင်ပါတယ်။ အခုဖော်ပြမယ့် ရေခဲကုထုံးကတော့ ဖန်ဖူအမှတ်နေရာမှာ ရေခဲတင်ပြီး ကုသပေးတဲ့နည်း ဖြစ်ပါတယ်။ ရေခဲတုံးကို ဖန်ဖူအမှတ်နေရာမှာ ဘယ်လိုတင်ရမလဲ မှောက်လျက်လှဲလျောင်းပြီး သက်သောင့်သက်သာနေထိုင်ပါ။...
မေး. လည်ပင်းချိုးတာကို မကြာခဏလုပ်မိနေပါတယ်။ လည်ပင်းမချိုးရရင် မနေနိုင်လောက်အောင်ပါပဲ။ လည်ပင်းမချိုးရမနေနိုင်အောင်မဖြစ်ဖို့ ဘယ်လိုလုပ်ပေးသင့်ပါသလဲ။ Thiri (FB) ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ဒါက လည်ပင်းတင်းတောင့်လို့ ဖြစ်တာပါ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ လည်ပင်းအနေအထားက ပုံမမှန်တဲ့အတိုင်း အကြာကြီးနေတာ၊ စာအကြာကြီးဖတ်တာ၊...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ဆောင်ရန်များ ရေသောက်တာ၊ ကြက်စွပ်ပြုတ်သောက်တာ၊ ဖရဲသီးဖျော်ရည်သောက်တာတို့ လုပ်ဆောင်ပါ။ ဒီလို သောက်သုံးတာကြောင့် လည်ချောင်းနာတာ သက်သာပြီး ရေဓာတ်ပြည့်ဝစေပါတယ်။ အနားယူပါ။ အနားယူတာက လည်ချောင်းနာတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေပါတယ်။ နာမကျန်းဖြစ်လေလေ၊ သင့်ခန္ဓာကိုယ်အလုပ်လုပ်တာ...
မေး. ကျွန်တော် အိပ်ရာထတိုင်း မကြာခဏ အုန်းလွဲတတ်ပါတယ်ဆရာ။ ခေါင်းအုံး နေလှန်းရတယ်ပြောလို့လည်း လှန်းပါတယ်။ မသက်သာပါဘူး။ အဲဒါ ဘယ်လိုလုပ်သင့်ပါသလဲ။ ဦးထွန်း၊ တောင်သာ။ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ခေါင်းကို တစ်ဖက်တည်း အကြာကြီးစောင်းပြီး အိပ်နေတဲ့အခါမှာ...
– လရိပ်မေ အသံဝင်တာက ရက်ပိုင်းပဲဆိုရင် ပြန်ကောင်းလာစေဖို့ အနားယူပေးရပါမယ်။ အသံကို အလွန်အမင်းအသုံးပြုပြီး အော်တာ၊ ငိုတာ၊ သီချင်းဆိုတာ၊ စကားပြောတာတွေ တစ်ခုမှ မလုပ်သင့်ပါဘူး။ ဒီအချိန်မှာ အသံမထွက်ဘူးဆိုပြီး ညှစ်အော်လေလေ ပိုဆိုးလေလေဖြစ်တာကြောင့် အသံကို အနားယူပေးပါမယ်။ အသံအမြန်ဆုံး ပြန်ထွက်စေဖို့နဲ့...
၊ ကိုထက် ၊ အသက် ၅၅ နှစ်အရွယ် အိန္ဒိယနိုင်ငံသား လယ်သမားဖြစ်သူ ဆိုမိုင်ရဲ့ လည်ပင်းမှာ နှစ်ပေါင်းများစွာအကျိတ်ကြီးရှိနေခဲ့ပါတယ်။ ဆိုမိုင်ဟာ ဒီအကျိတ်ကို သာမန်လည်ချောင်းရောင်တယ်လို့ထင်ပြီး ဆေးကုသမှုမပြုလုပ်ဘဲ နေခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ခန့်ကြာချိန်မှာတော့ အကျိတ်ကြီးဟာ...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) လည်ချောင်းကို အလွန်အကျွံ အသုံးပြုတာ၊ ကူးစက်ပိုးဝင်တာနဲ့ အေးမြခြောက်သွေ့တဲ့ လေထုဒဏ်ခံရတာတွေကြောင့် လည်ချောင်းနာတဲ့ဝေဒနာနဲ့ လည်ချောင်းကျန်းမာရေးထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ ဒီလိုဝေဒနာတွေမရအောင် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။ – လည်ချောင်းကို ကာကွယ်ပါ အေးမြတဲ့အချိန်မှာ လည်ပင်းကို မာဖလာပတ်ထားတာက...
မေး ။ ကျွန်မ လည်ပင်းအကျိတ်ဖြစ်နေတာကြာပါပြီ။ ၁၃နှစ်အရွယ်က စဖြစ်တာပါ။ အခု အသက် ၃၃နှစ် ရှိပါပြီ။ ကျွန်မလည်ပင်းကင်ဆာဆိုတာဖြစ်မှာ ကြောက်နေပါတယ်။ ကျွန်မအကျိတ်က ဘယ်ဘက်မေးစေ့ အောက်မှာကြက်ဥအရွယ်တစ်ခုနဲ့ ကွမ်းသီးကြီးအရွယ်တစ်ခု၊ ညာဘက်လယ်ညပ်ရိုးကြားမှာ ကြက်ဥသေး အရွယ်နှစ်ခုဖြစ်နေပါတယ်။ အဲဒါကို ဆရာဝန်ပြတော့ခွဲစိတ်မယ်၊ အသံလိုင်းတော့ရချင်မှရမယ်ပြောတော့...
ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) အရင်အပတ်က လည်ပင်းကြီးတဲ့ အကြောင်းရေးပြီး ဒီတစ်ပတ်မှာတော့ သိုင်းရွိုက်ကင်ဆာအ ကြောင်းရေးပါမယ်။ ခန္ဓာကိုယ်နေရာတိုင်းလိုလို ကင်ဆာဖြစ်နိုင်တာမို့ သိုင်းရွိုက်မှာလည်း ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံး သိုင်းရွိုက်ကင်ဆာက Papillary Carcinoma ဖြစ်ပြီး...