ယခင်တစ်ပတ်မှအဆက် ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆီးချိုဆေးတွေကို အယ်လ်ဇိုင်းမားရောဂါအတွက် အသုံးပြုနိုင်မလား အရင်က အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးမျိုးစုံ ရှာဖွေခဲ့ကြပေမယ့်လည်း ထိရောက်တဲ့ဆေး မတွေ့ခဲ့ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးတွေဖော်ထုတ်ရာမှာ အမိုင်းလွိုက်ဒ်ပလပခ် (Amyloid plaque) တွေ လျော့နိုင်စေတဲ့ဆေးကိုသာ ရှာဖွေခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ရောဂါရဲ့...
Q. ကားစီးတဲ့အခါ လက်တွေ၊ ခြေထောက်တွေ အပြင်ထုတ်စီးတာကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ပြောပြပေးပါ ဆရာ။ ပါမောက္ခဦးနေ၀င်း အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း A. ကားစီးရင် ကားမှန်တွေကို ပိတ်ထားသင့်ပါတယ်။ ကားမှန်ဖွင့်ထားရင်လည်း လက်ထုတ်တာ၊ ခေါင်းထွက်တာမျိုး မဖြစ်သင့်ပါဘူး။ တစ်ခါကြုံဖူးတာဆိုရင် လူကအိပ်ငိုက်ပြီး...
Q. အမျိုးသမီးတွေအနေနဲ့ ဒေါက်မြင့်ဖိနပ်၊ ဒေါက်ချွန်ဖိနပ်တွေကို ကြာရှည်စီးတာကြောင့် ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ ဆရာ။ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း A. ဒီနေ့ခေတ်မှာ အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်၊ ဒေါက်ချွန်ဖိနပ်တွေကို စီးလေ့ရှိကြပါတယ်။ တစ်ခါတလေ ခဏတာသွားတာ၊လာတာလောက်ပဲ စီးတယ်ဆိုရင် ပြဿနာမရှိပါဘူး။ အဲဒီလိုမဟုတ်ဘဲ...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) စိတ်ကျန်းမာရေး ဘွဲ့လွန်သင်တန်းဆရာဝန် ဒေါက်တာပီတာနဲ့ “အကြောင်းမဲ့ နားထဲမှာ စကားပြောသံကြားခြင်း” AVH အတွက် စိတ်ကုထုံးကို ဆက်လက်ဆွေးနွေးနေပါတယ်။ “စိတ်အာရုံပြောင်းလဲနည်း” Aကုထုံးကို ပြောပြီးပါပြီ။ အခုစကားပြောသံကို အာရုံစိုက်ကုသနည်း (Focusing) နဲ့...
ငွေကြယ်စင်ယံ ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းပြုလုပ်တာက တခြားထိုင်-ထလေ့ကျင့်ခန်းနဲ့ တခြားကိရိယာလွတ် လေ့ကျင့်ခန်းတွေကို ပြုလုပ်တာလိုပဲ ကျန်းမာရေးကောင်းကျိုးတွေကို ထိထိရောက်ရောက်ရရှိစေပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တာကြောင့် သန်စွမ်းကြံ့ခိုင်မှုအဆင့်ကို မြင့်တက်စေပြီး ထိရောက်တဲ့ အောက်ပါကောင်းကျိုးတွေကို ရရှိစေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းအား သန်စွမ်းစေခြင်း ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ်အပေါ်ပိုင်း၊ အထူးသဖြင့် ရင်အုံပိုင်း၊...