Healthy Life Ad
Health Tips

ဦးရေပြားထဲ ၀က်ခြံပေါက်နေလျှင် . .

၊ ငွေကြယ်စင်ယံ ၊

ဦးရေပြားဟာ ၀က်ခြံပေါက်နိုင်တဲ့ နေရာတစ်ခုပါ။ ဦးရေပြားထဲ ၀က်ခြံပေါက်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့အခါ၊ ဆံပင်သုံးပစ္စည်းတွေနဲ့ အဆင်မပြေတဲ့အခါ၊ မှိုပိုးပေါက်တဲ့အခါ ဦးရေပြားထဲ ၀က်ခြံပေါက်ရ တတ်ပါတယ်။

ဦးရေပြားမှာ မကြာခဏ ၀က်ခြံပေါက်တတ်ရင် လုပ်သင့်တာတွေက-

– ခေါင်းလျှော်ရည် ပြောင်းသုံးပါ
အထူးသဖြင့် ဦးရေပြားထဲက၀က်ခြံကို ဖယ်ရှားနိုင်အောင် အထူးထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးသင့်ပါတယ်။

– ခေါင်းမှန်မှန် လျှော်ပါ
အဆီများများပါတဲ့ ခေါင်းလျှော်ရည်ကို ရှောင်ပြီး လက်ဖက်ဆီပါဝင်တဲ့ ရှမ်ပူနဲ့ မှန်မှန် ခေါင်းလျှော်ပေးပါ။

– လိမ်းဆေးလိမ်းပါ
ဦးရေပြားပေါ်က ၀က်ခြံကို ဆလီးဆလစ်အက်ဆစ် ဒါမှမဟုတ် ဘန်ဇွိုင်းပါအောက်ဆိုက်ပါတဲ့ လိမ်းဆေးလိမ်းပေးပါ။ မလိမ်းခင် ဦးရေပြားနဲ့ ဆံပင်သားသန့်ရှင်းနေအောင် ခေါင်းလျှော်ပေးရပါမယ်။

အိမ်တွင်းကုထုံးများ

– ဆော်ဒါမှုန့်ကို ရေနဲ့ဖျော်ထားတဲ့ ဆော်ဒါရည်ဟာ ဦးရေပြားကို ခြောက်သွေ့မှုမဖြစ်စေဘဲ ဦးရေပြားထဲက ၀က်ခြံကိုသက်သာစေတဲ့ သဘာဝနည်းလမ်းပါ။ တစ်ရက်ခြားတစ်ခါဆိုသလို သုံးသင့်ပါတယ်။

– ရှလကာရည်က အနံ့အနည်းငယ်ပြင်းပေမယ့် ဦးရေပြားထဲက၀က်ခြံကို သက်သာစေပါတယ်။ ခေါင်းအရင်လျှော်ပြီး တဘက်နဲ့ခြောက်အောင် သုတ်ပါ၊ ပြီးမှ ခေါင်းပေါ်ကို ရှလကာရည်ဖြည်းဖြည်းချင်း လောင်းချပြီး ဦးရေပြားကို နှိပ်ပေးပါ။ ကြက်သီးနွေးရေနဲ့ ဆေးကြောပြီး အနံ့ဆိုးတွေကင်းအောင် ခေါင်းလျှော်ရမှာ ဖြစ်ပါတယ်။

– လာဗန်ဒါဆီက ဦးရေပြားယားယံတာနဲ့ ရောင်ရမ်းတာတို့ကို သက်သာစေပါတယ်။ တမာဆီကလည်း ဦးရေပြားပိုးဝင်တဲ့ဝေဒနာကို သက်သာစေတဲ့ ဘက်တီးရီးယားပိုးသတ် အာနိသင်ရှိပါ တယ်။

– ဂျိုဂျိုးဘားဆီက အရေပြားကနေ ဆီကြည်ထွက်နှုန်းကို တားဆီးပေးတဲ့အပြင် ဦးရေပြားကို ရေဓာတ်ပြည့်ဝ စေပါတယ်။

– ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့အစာကို စားပေးပါ။ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကို များများစားတာကြောင့် ကိုယ်ခံအားကောင်းစေပြီး ဦးရေပြားထဲက ၀က်ခြံတွေကို သက်သာစေပါတယ်။

– ရေအလုံအလောက် သောက်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး ဦးရေပြားထဲက ၀က်ခြံကို အနာကျက်စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top