၊ ကိုထက် ၊ တစ်နေ့မှာ နွားနို့နှစ်ခွက်သောက်တာက အ၀လွန်ကလေးတွေကို ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်က ဆိုပါတယ်။ နွားနို့မှာ အင်ဆူလင်ဟော်မုန်းလျော့ကျစေတဲ့ အာဟာရဓာတ်ပါဝင်တာကြောင့် ဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။ နွားနို့သောက်တာက သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်များခြင်း၊ ဗိုက်ပူခြင်း၊...
၊ လရိပ်မေ ၊ ကျောပြင်နဲ့ ချိုင်း(ဂျိုင်း)နေရာတွေမှာ အဆီပိုတွေရှိနေရင် အင်္ကျီကျပ်ကျပ်ဝတ်တဲ့အခါ အဆင်မပြေဘဲကြည့်ရဆိုးတတ်ပါတယ်။ ဒါကြောင့် အဲဒီနေရာက အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့ တစ်ပတ်မှာ နှစ်ကြိမ်-သုံးကြိမ်တော့ ဒီလေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း (၁)ကြိုးခုန်ခြင်း အချိန် နှစ်မိနစ်လောက်ပေးရုံနဲ့ ခန္ဓာကိုယ်သွေးပူသွားစေမယ့် လေ့ကျင့်ခန်းပါ။...
၊ လရိပ်မေ ၊ ဗိုက်နဲ့ခါးမှာ စုနေတဲ့အဆီတွေက အန္တရာယ်ရှိတဲ့အဆီတွေဖြစ်တာကြောင့် အောက်ပါ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ (၁) နှလုံးရောဂါ ဗိုက်မှာအဆီစုတာရဲ့ အရင်ဦးဆုံးနဲ့ အဖြစ်များဆုံး ကျန်းမာရေးအန္တရာယ်ကတော့ နှလုံးရောဂါပါပဲ။ ဗိုက်မှာ အဆီစုတာက သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်အဆီစုနေတတ်တာကြောင့် လေဖြတ်နိုင်ခြေရှိတဲ့ အလားအလာရှိနေပါတယ်။...
မေး ။ အခုတော့ ကျွန်မ ကိုယ်အလေးချိန်က ပုံမှန်ပါပဲ ဆရာ။ ဒါပေမဲ့ မျိုးရိုးက၀တဲ့ မျိုးရိုးဖြစ်လို့ ၀လာမှာ စိုးမိပါတယ်။ ကျွန်မလိုမ၀သေးတဲ့သူတွေအနေနဲ့ ၀မလာအောင် ဘယ်လိုသတိထားသင့်ပါသလဲ ဆရာ။ လဲ့လဲ့၊ ကျောက်တံတား။ ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ...
မေး ။ လူတစ်ယောက် ပိန်ဖို့ရာမှာ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။ Linhtet(FB) ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ လူတစ်ယောက် ကိုယ်အလေးချိန် လျော့ကျစေဖို့ရာအတွက် (၁) အစားအသောက်၊ (၂) လေ့ကျင့်ခန်း၊ (၃) အပြုအမူကုထုံး၊...
၊ ကိုထက် ၊ သန်စွမ်းကြံ့ခိုင်ပြီး ကြွက်သားရှိတဲ့ အမျိုးသမီး ခန္ဓာကိုယ်ပိုင်ရှင်တွေက သွယ်လျတဲ့အမျိုးသမီးတွေထက် ပိုမိုဆွဲဆောင်မှုရှိတယ်လို့ အခုအခါ လက်ခံလာကြကြောင်း လေ့လာမှုအသစ်က ဆိုပါတယ်။ မစ်ဆိုရီကန်စပ်မြို့နယ်တက္ကသိုလ်က ဦးဆောင်ပြုလုပ်တဲ့ လေ့လာမှုအရ တက္ကသိုလ်ကျောင်းသူ ၇၈ ဦးရဲ့ခန္ဓာကိုယ်အလှဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန်အလှမယ်...
၊ ကိုထက် ၊ အမေရိကန် အနောက်မြောက်ပိုင်းဒေသမှာ နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ဆန်ဟိုက်ဟာ အ၀လွန်နေတဲ့ ကုန်ပစ္စည်းသယ်သူပို့ဆောင်ရေး ကားမောင်းသမားဖြစ်ပါတယ်။ သူဟာ နေ့စဉ် ကယ်လိုရီ တစ်သောင်းခန့်စားပြီး ကိုယ်အလေးချိန် ပေါင် ၄၉၀ ကျော်ရှိနေသူပါ။ ဆမ်ဟာ...
ဒေါက်တာမြတ်ထွဋ်ညွှန့် မှဖြေကြားသည်။ မေး.ကျွန်မအသက်က ၃၅နှစ်ပါ၊ အရင်က သွေးတွင်း အဆီများလို့ ဆေးသောက်ဖူးပါတယ်။ အခုတလော အသက်ရှူရကျပ်နေလို့ အဲဒါ နှလုံးရောဂါဖြစ်မှာ စိုးလို့ပါ။ မေမေက နှလုံးကြီးပြီးဆုံးသွားတော့ မေမေ့လိုဖြစ်မှာ ကြောက်ပါတယ်ဆရာ၊ နှလုံးမကြီးအောင် ဘယ်လို ကာကွယ်သင့်ပါသလဲ၊ အခုကျွန်မဖြစ်နေတာက...
ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး ။ လူတစ်ယောက်က အ၀လွန်နေပြီ ဆိုတာကို သူ့ကိုယ်သူ ဘယ်လိုသိနိုင်ပါသလဲ ဆရာ။ ဖြေ ။ BMI အတိုင်းအတာကိုသိအောင် အရပ်ကိုတိုင်းရမယ်၊ ကိုယ်အလေးချိန်ကို တိုင်းရမယ်။ ပြီးရင် BMI တွက်နည်းအတိုင်း တွက်ချက်ကြည့်ရမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အဆီမှာ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့ အဆီဆိုပြီး နှစ်မျိုးရှိကာ အခန်းအပူချိန်မှာ အရည်ဖြစ်တဲ့ အဆီတွေကို မပြည့်ဝဆီလို့ခေါ်ပြီး မပြည့်ဝ ဆီမှာ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ ပဲပုပ်စေ့ဆီ စတာတွေပါဝင်ပါတယ်။ မကောင်းတဲ့အဆီ(ပြည့်ဝဆီ)တွေကို တိရစ္ဆာန်ထွက်...