Healthy Life Ad
International

တစ်နေ့ နွားနို့ နှစ်ခွက်သောက်ခြင်းက အ၀လွန်ကလေးငယ်များကို ဆီးချိုနှင့် ဆက်စပ်ရောဂါများမဖြစ်စေရန် ကာကွယ်နိုင်

၊ ကိုထက် ၊

တစ်နေ့မှာ နွားနို့နှစ်ခွက်သောက်တာက အ၀လွန်ကလေးတွေကို ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်က ဆိုပါတယ်။ နွားနို့မှာ အင်ဆူလင်ဟော်မုန်းလျော့ကျစေတဲ့ အာဟာရဓာတ်ပါဝင်တာကြောင့် ဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

နွားနို့သောက်တာက သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်များခြင်း၊ ဗိုက်ပူခြင်း၊ ကောင်းသောကိုလက်စထရော လျော့နည်းခြင်း စတာတွေကိုပါ ဖြစ်နိုင်ခြေလျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အမေရိကန်ကလေးသုံးဦးအနက် တစ်ဦးက အ၀လွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်များခြင်းတို့ရှိနေကြကြောင်း၊ ယူကေမှာ အသက် ၅ နှစ်နဲ့ ၁၉ နှစ်ကြား ကလေး ၁၀ ဦးအနက် လေးဦးက ကိုယ်အလေးချိန်များခြင်းနဲ့ အ၀လွန်ခြင်းတို့ ရှိနေကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကလေးကျန်းမာရေးပြဿနာဟာ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တယ်လို့ဆိုပါတယ်။

ဒေါက်တာရက်ဖီနဲ့အဖွဲ့က ကလေးအသက် သုံးနှစ်နဲ့ ၁၈ နှစ်ကြား အ၀လွန်ကလေး ၃၅၃ ဦးကို ၂၀၀၈ ဒီဇင်ဘာလမှ ၂၀၁၀ ဒီဇင်ဘာလအထိ နေ့တိုင်း နွားနို့သောက်ခိုင်းခဲ့ပါတယ်။ လေ့လာမှုအရ နွားနို့ပုံမှန်သောက်တဲ့ ကလေးတွေက ကျန်းမာရေးကောင်းမွန်မှုရှိတာကို တွေ့ရှိရပါတယ်။ နွားနို့မသောက်ဘဲ အချိုရည်၊ သစ်သီးအချို ရည်စတာတွေကို သောက်တဲ့ကလေးတွေမှာ ဂလူးကို့စ်အဆင့်မြင့်တက်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားမှုရှိတာကို လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top