သစ်ကြားသီး စားသင့်တဲ့ အကြောင်းတွေကတော့-
– မှတ်သားနိုင်စွမ်း ပိုမိုကောင်းမွန်စေပါတယ်။
– ရူမတွိုက်အဆစ်ရောင်နာနဲ့ OAရိုးဆစ်ရောင်ရမ်းနာဖြစ်စဉ်ကို နှေးစေပါတယ်။
– ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကို တွန်းလှန်နိုင်ပါတယ်။
– သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။
– အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်။
– ဆီရိုတိုနင်ဟော်မုန်းထုတ်လုပ်မှုကို အားပေးတဲ့အတွက် အစာစားနှုန်းကို လျော့နည်းစေပါတယ်။
– မျက်စိအာရုံခံလွှာ ရောင်ရမ်းတဲ့ဝေဒနာနဲ့ မက်ကူလာ ယိုယွင်းပျက်စီးတဲ့ အခြေအနေတွေမဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။