Healthy Life Ad
Life Style

သင်္ကြန်ကာလ ဆံပင်အရောင်ဆိုးမည့်သူတို့အတွက် သင့်အသားအရေနှင့် အလိုက်ဖက်ဆုံးဆံပင်အရောင်

၊ ငွေကြယ်စင်ယံ ၊

ဆံပင်အရောင်ဆိုတာ သင့်အသွင်အပြင်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါပေမဲ့ အသားအရေနဲ့လိုက်ဖက်တဲ့ ဆံပင်အရောင်ဖြစ်ဖို့တော့ လိုပါတယ်။ ဒါကြောင့်သင်္ကြန်ကာလမှာ ဆံပင်အရောင်ဆိုးမယ့်သူတွေအတွက် ဘယ်လိုအသားအရေရှိရင် ဘယ်လိုဆံပင်အရောင် ဆိုးသင့်တယ်ဆိုတာ အကြံပြုလိုက်ပါတယ်။

(၁) သင့်အသားအရေက အပြာရောင် သို့မဟုတ် အစိမ်းရောင်သမ်းနေလျှင်

ရွှေအိုရောင်ဆံပင်ဆိုးဆေး ဆိုးပါ

အသားအရေက အပြာရောင် ဒါမှမဟုတ် အစိမ်းရောင်သမ်းနေရင် ရွှေအိုရောင် ဆံပင်ဆိုးဆေးကို ဆိုးသင့်ပါတယ်။ ရွှေအိုရောင်ဆံပင်ဆိုး ဆေးက သင့်ကို နွေးထွေးမှုပိုရှိစေပြီး နိုးကြားလန်းဆန်း စေပါတယ်။

(၂) သင့်အသားအရေက ၀ါဝင်းနေလျှင်

ချောကလက်ရောင် ဆံပင်ဆိုးဆေး ဆိုးပါ

ချောကလက်အညိုရောင် ဆံပင်ဆိုးဆေးက သင့်အသားအရေကိုပိုပြီး တောက်ပစေပါတယ်။ သင့်အသားအရေက ၀ါဝင်းနေတယ်ဆိုရင် ဆံပင်ကို ချောကလက်အညိုရောင်ဆိုးဆေး ဆိုးပေးတဲ့အခါ သင့်မျက်စိတွေကို နူးနူးညံ့ညံ့ ကြည်လင်နေစေပါတယ်။

(၃) သင့်အသားအရေက အ၀ါရောင်သမ်းနေလျှင်

ရွှေရောင်ဆန်သော အနီရောင်ဆံပင်ဆိုးဆေး ဆိုးပါ

ဖျော့တော့တဲ့ အသားအရေရှိသူတွေက သဘာဝကျလွန်းတဲ့ ဆံပင်အရောင်ကို ရှောင်သင့်ပါတယ်။ အသားအရေဖျော့တော့ရင် နွေးထွေးတဲ့ဆံပင်အရောင်ကို ဆိုးပါ။ အနီရောင်သမ်းတဲ့ ဆံပင်ဆိုးဆေးက အ၀ါရောင်အသားအရေနဲ့ လိုက်ဖက်ပါတယ်။

(၄) သင့်အသားအရေက သံလွင်ရောင်သမ်းနေလျှင်

အညိုရင့်ရောင် ဆံပင်ဆိုးဆေး ဆိုးပါ

အညိုရင့်ရောင်ဆံပင်ဆိုးဆေးက သင့်မျက်နှာအသွင်အပြင်ကို ပိုမိုကြည့်ကောင်း စေပါတယ်။ မျက်ဝန်းနက်ပြီး သင့်နှုတ်ခမ်းနဲ့ မျက်ဝန်းကလှပတယ်ဆိုရင် အညိုရင့်ရောင်ဆံပင်ဆိုးဆေးက သင့်အသွင်အပြင်ကို ပိုတင့်တယ်စေပါလိမ့်မယ်။

(၅) သင့်အသားအရေက အညိုရောင်သမ်းနေလျှင်

ဝါညိုရောင်ဆံပင်ဆိုးဆေး ဆိုးပါ

ဝါညိုရောင်ဆံပင်ဆိုးဆေး ဆိုးတာကြောင့် သင့်အသားအရေကိုဝင်းပြီး ကြည်လင်တောက်ပ စေပါတယ်။ မျက်ကွင်းညိုရင် အညိုဘက်သမ်းလွန်းတဲ့ ဆံပင်ဆိုးဆေးကို ရှောင်ပါ။ မျက်ဝန်းက ပင်ပန်းနွမ်းနယ်နေရင် အညိုဖျော့လွန်းတဲ့ ဆံပင်ဆိုးဆေးကို ရှောင်ပါ။

(၆) သင့်အသားအရေက အမည်းရောင်သမ်းနေလျှင်

အညိုရင့်ရောင် ဆံပင်ဆိုးဆေး ဆိုးပါ

အညိုရင့်ရောင် ဆံပင်ဆိုးဆေးက အသားမည်းသူတွေနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့တောက်ပတဲ့ အညိုရင့်ရောင်ဆံပင်ဆိုးဆေးကို ဆိုးပေးပါ။

Most Popular

Healthy Life Ad
To Top