Healthy Life Ad
Health Tips

ရေများများ မသောက်ဘဲ ရေဓာတ်ပြည့်ဝနေစေမည့် နည်းလမ်းများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ရေဟာ လူ့အသက်ရဲ့ သော့ချက် ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ကို ရေ ၇၀-၈၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာကြောင့် ခန္ဓာကိုယ်မှာ ပါဝင်တဲ့
ရေဓာတ်ကို ထိန်းသိမ်း ထားရပါမယ်။ ရေဟာ ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တွေကို ပို့ဆောင်ပေးပြီး စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးပါတယ်။ ရေက သဘာဝချောဆီ အဖြစ် ဆောင်ရွက်သလို အဆစ်၊ တစ်သျှူး၊ တံတွေးတွေရဲ့လုပ်ငန်းဆောင်တာမှာလည်း ပါဝင်ကူညီ နေပါတယ်။ အစာကြေညက်စေပြီး အူကတစ်ဆင့် အစာတွေကို စွန့်ထုတ်
ပေးပါတယ်။ ဒါကြောင့် ရေအလုံအလောက် သောက်ပေးဖို့ လိုအပ်ပါတယ်။

ရေဓာတ် ပါဝင်မှုများတဲ့ အစာတွေကို ဘာကြောင့် ရွေးစားသင့်တာလဲ

ရေအလုံအလောက် မသောက်ဖြစ်တဲ့ အခါ သင့်ခန္ဓာကိုယ်ထဲ ရေဓာတ်ပြည့်ဝစေဖို့ အောက်ပါ အစာတွေ ရွေးစားသင့်ပါတယ်။

– သခွားသီး
သခွားသီးမှာ ရေဓာတ် ၉၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သခွားသီးကို အစိမ်းလိုက် ဒါမှမဟုတ် သုပ်ပြီး စားနိုင်ပါတယ်။

– ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ရေဓာတ် ၉၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ခရမ်းချဉ်သီး စွပ်ပြုတ်၊ ခရမ်းချဉ်သီးသုပ်၊ ခရမ်းချဉ်သီး ဆင်းဒ၀ှစ်ခ်ျ စတာတွေကို စားနိုင်ပါတယ်။

– ငရုတ်သီးစိမ်း
ငရုတ်သီးစိမ်းမှာ ရေဓာတ် ၉၄ ရာခိုင်နှုန်း ပါဝင်ပြီး အနီရောင်၊ လိမ္မော်ရောင်နဲ့ အ၀ါရောင် ငရုတ်သီးစိမ်းမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါ့အပြင် ငရုတ်သီးစိမ်းမှာ ရေဓာတ်နဲ့ အင်တီအောက်ဆီးဒင့် ကောင်းစွာ ပါဝင်နေပါတယ်။

– ဖရဲသီး
ဖရဲသီးမှာ ရေဓာတ်အပြည့်အ၀ ပါဝင်နေပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တာကြောင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်း
အေးမြနေမှာ ဖြစ်ပါတယ်။ ဖရဲသီးမှာ လိုင်ကိုပင်းဓာတ် ပါဝင်မှုများတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ အာနိသင်အပြည့်အ၀ ပါရှိပါတယ်။

– ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးကို စားတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါ့အပြင် သကြားဓာတ်ကို ဟန်ချက်ညီစေပြီး အဆီအဆင့်ကို တည်ငြိမ်စေပါတယ်။ ထရိုင်ဂလစ်ဆရိုက် အဆီတွေကို လျော့ကျစေရုံသာမက မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကိုလည်း သိသိသာသာ ထိန်းချုပ်ပေးပါတယ်။ ရေဓာတ် ၉၀ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝစေပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top