———၊ ဇွန် ၊———
ထမင်းဝိုင်းတစ်ခုကို ပြင်ဆင်ရာမှာ အင်တီအောက်ဆီးဒင့်ပါဝင်အောင် ထည့်သွင်းပြင်ဆင်သင့်ပါတယ်။
(၁) အာလူးနှင့် ကန်စွန်းဥပါဝင်ပါစေ
အာလူးနဲ့ ကန်စွန်းဥတို့က အင်တီအောက်ဆီးဒင့်အများအပြား ပါဝင်တဲ့ အစာတွေပါ။
(၂) အချိုပွဲအဖြစ် သစ်တော်သီး၊ ပန်းသီး၊ ဆီးသီး ပါဝင်ပါစေ
သစ်တော်သီး၊ ဆီးသီးနဲ့ တခြားသစ်သီးဝလံတွေမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ ချယ်ရီသီးနဲ့ လိမ္မော်သီးတို့လို တခြားသစ်သီးတွေမှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။
(၃) ဟင်းသီးဟင်းရွက် မပါမဖြစ် အရေးကြီးပါတယ်
ဂေါ်ဖီထုပ်၊ ဆလတ်ရွက်၊ ကညွတ်နဲ့ ပန်းဂေါ်ဖီစိမ်း စတာတွေက အင်တီအောက်ဆီးဒင့်ပါဝင်မှု အများဆုံးအစာတွေပါ။
(၄) အခွံမာသော အစေ့အဆန်ဖြူးပါ
သီဟိုဠ်စေ့၊ Pistachios စတဲ့ အခွံမာစေ့တွေမှာ အင်တီအောက်ဆီးဒင့်အများအပြား ပါဝင်ပါတယ်။ ပဲနီလေး၊ ပဲနီစေ့ စတဲ့ ပဲတွေမှာလည်း အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။
(၅) တလည်းသီးဖျော်ရည်ဖျော်ပါ
ထမင်းကို အရည်သောက်ပြီးမှ စားတတ်ရင် အင်တီအောက်ဆီးဒင့်ပါတဲ့ ဖျော်ရည်(ဥပမာ-သလဲသီးဖျော်ရည်)နဲ့ တွဲသောက်သင့်ပါတယ်။