———၊ လရိပ်မေ ၊———
တစ်နေ့တာ အလုပ်ပင်ပန်းပြီးချိန်မှာ ခြေထောက်တွေ ညောင်းညာနေပါသလား။
ခြေချောင်းတွေနဲ့ ခြေဖမိုးကို သက်သောင့်သက်သာဖြစ်စေပြီး အညောင်းပြေစေတဲ့ ယောဂကျင့်စဉ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အဆင့် (၁)
ခြေထောက်နှစ်ဖက်ကို အရှေ့ဘက်ဆန့်ထုတ်ပြီး ခါးမတ်မတ်ထားကာ ထိုင်ပါ။
အဆင့် (၂)
လက်ဖ၀ါးနှစ်ဖက်ကို တင်ပါးဘေးမှာ ဖြန့်ချလိုက်ပါ။
အဆင့် (၃)
ခြေထောက်နှစ်ချောင်းကို ပခုံးနဲ့တစ်ညီတည်းချဲ့ထားပြီး အသက်ရှူသွင်းပါ။ ခြေချောင်းလေးတွေကို အပေါ်အနည်းငယ်ကုပ်ပြီး အသက်ရှူထုတ်ပါ။
အဆင့် (၄)
ပုံပါအတိုင်း ခြေဖ၀ါးနှစ်ဖက်ကိုထိတွေ့ကာ လက်တွေက ခြေသလုံးကိုင်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။
အဆင့် (၅)
ပြီးရင် ခြေထောက်တွေကို ပေါင်ရင်းသို့ဆွဲထိလိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။
နောက်ဆုံးမှာ ခြေထောက်နဲ့လက်ကို မူလအတိုင်း ပြန်နေပြီး တစ်ကိုယ်လုံးကို အားလျှော့ထားပါ။
ခြေထောက်လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး
• ခြေချောင်းနဲ့ ခြေဖမိုးကို သက်သောင့်သက်သာဖြစ်စေပြီး အညောင်းပြေစေပါတယ်။
• အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။