Healthy Life Ad
Q & A

ဖျားတဲ့အခါ ဘယ်လိုသတ်မှတ်ပါသလဲ . .

မေး ။ ဖျားတဲ့ ကာလနဲ့ ကိုယ်အပူချိန်သတ်မှတ်ချက်တွေကိုလည်း သိပါရစေရှင့်။ ဘယ်လိုဆိုရင် အဖျားကြီးတယ်လို့ဆိုပါသလဲ။
LayLay(FB)

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ဖျားတဲ့ကာလက နှစ်ပတ်မတိုင်ခင်ဆိုရင် Acute Fever (ကာလတိုအဖျား)လို့ ခေါ်ပြီး နှစ်ပတ်ကျော်သွားရင် Chronic Fever (နာတာရှည် အဖျား)လို့ ခေါ်ပါတယ်။ အပူချိန်ပေါ်မူတည်ပြီး ခွဲခြားတာကျတော့ ၁၀၈ ဒီဂရီဖာရင်ဟိုက်ဆိုရင် အဖျားက အရမ်းကြီးနေပြီ (Severe Fever)၊ ၁၀၄ လောက်အထိကို အဖျားအသင့်အတင့် (Moderate Fever)၊ ၁၀၀ ကနေ ၁၀၂ ကို Mild fever လို့ သတ်မှတ်ထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top