Healthy Life Ad
Health Tips

အချိန် ၁၀ မိနစ်အတွင်း ပြုလုပ်နိုင်သော ၀မ်းဗိုက်ချပ်ရပ်နည်း လေ့ကျင့်ခန်းများ

၊ ကိုထက် ၊

(၁) တောင်တက်လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်မှာ ဒိုက်ထိုးမယ့်ဟန်နဲ့ နေပါ။ ပြီးရင် ဘယ်ခြေထောက်နဲ့ ပေါင်ကို ပုံမှာပြထားတဲ့အတိုင်း ရှေ့ကို ဆွဲထောက်ပေးပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်ဆန့်တန်းပြီး ညာဘက်ကို တစ်ဖန်ပြုလုပ်ပါ။အနည်းဆုံး သုံးကြိမ် လုပ်ပေးပါ။
ထိရောက်မှုရှိသော နေရာများ – ၀မ်းဗိုက်၊ နောက်ကျော၊ ခြေသလုံး၊ လက်မောင်း။

(၂) လက်မောင်းကွေး လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်မှာ လှဲပြီး ခြေသလုံးတွေကို ထောင်ထားပါ။ ဦးခေါင်းမြှင့်ပြီး လက်နှစ်ဖက်ကို ပေါင် ဆီဆန့်တန်းပေးပါ။ ပြီးရင် ပေါင်တစ်ဖက်တည်းကို လက်မောင်းနှစ်ဖက်စုတဲ့ လေ့ကျင့်နည်းလုပ်ပါ။အနည်းဆုံး သုံးကြိမ် လုပ်ပေးပါ။
ထိရောက်မှုရှိသော နေရာများ – ၀မ်းဗိုက်၊ ခါး။

(၃) ခြေသလုံးမြှင့် လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်ထိုင်ပြီး ပုံပါအတိုင်း ခြေသလုံး နှစ်ဖက်ကို ၄၅ ဒီဂရီစောင်းကာ မြှင့်လိုက်၊ အနည်းငယ် ပြန်လျှော့ချလိုက် လုပ်ပေးပါ။
ထိရောက်မှုရှိသော နေရာများ – ခါး၊ ၀မ်းဗိုက် အောက်ပိုင်း။

(၄) ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်း

ပုံမှာ ပြထားတဲ့အတိုင်း ခြေထောက်နှစ်ချောင်းကို တစ်ပေလောက်ခွာပြီး တစ်ဝက်ထိုင်အနေအထားမျိုးနေပါ။ ပြီးရင် ဘယ်လက်မြှောက်လိုက်၊ ညာလက်မြှောက်လိုက်တစ်လှည့်စီလုပ်ပေးပါ။ အနည်းဆုံး သုံးကြိမ်ပြုလုပ်ပါ။
ထိရောက်မှုရှိသော နေရာများ – ၀မ်းဗိုက်၊ ခါး၊ ပခုံး၊ နောက်ကျော၊ ပေါင်

(၅) လက်သီးဆုပ်လေ့ကျင့်ခန်း

ပုံပါအတိုင်း မတ်မတ်ရပ်ပြီး ပခုံးမြှင့်ကာလက်သီးဆုပ်နှစ်ဖက်ကို နားရွက်နား ထားပေးပါ။ ပြီးရင်ကိုယ်ကို ဘေးတိုက်စောင်းပြီး ညာခြေထောက်မြှင့် လိုက်၊ ပြန်ချလိုက် လုပ်ပါ။ တစ်ဖန် ဘယ်ဘက်ပြောင်းပြီး လုပ်ပေးပါဦး။ အနည်းဆုံး သုံးကြိမ်လုပ်ပေးပါ။
ထိရောက်မှုရှိသော နေရာများ – ၀မ်းဗိုက်၊ပခုံး၊ ပေါင်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top