Healthy Life Ad
Q & A

လည်ပင်းခြောက်ခြင်း သက်သာအောင်

မေး – ကျွန်တော်က မြေလတ်ပိုင်းကပါ။ အခု ရှမ်းပြည်တောင်ပိုင်း ရောက်နေပါတယ်။ အခု ကျွန်တော့်လည်ပင်း ခြောက်နေပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ၊ ဘယ်လိုလုပ်ရင် ပျောက်နိုင်ပါသလဲခင်ဗျာ။
….. အောင်အောင်

အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကိုကို မှ ဖြေကြားသည် ၊၊

ဖြေ – လည်ပင်းခြောက်တာထက် အာခေါင်ခြောက်တာ ဖြစ်လိမ့်မယ် ထင်ပါတယ်။ အဓိက အားဖြင့် ရေနွေး ပူပူ၊ စွပ်ပြုတ်ပူပူ စတာတွေ များများ သောက်ပေးသင့်ပါတယ်။ ရေလည်း သောက်ပေးဖို့ လိုပါတယ်။ အေး လွန်းရင် လည်ပင်းကို မာဖလာ ပတ်ထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top