Healthy Life Ad
Health Tips

ဆူရှီ၏ ကျန်းမာရေးကောင်းကျိုးနှင့် ဆိုးကျိုးများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ဆူရှီမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့အစာလို့ ဆိုရမှာပါ။ ငါး၊ ထမင်း၊ ၀ါဆာဘီအရည် စတာတွေနဲ့ပြုလုပ်ထားတဲ့ဆူရှီကို တူနဲ့ညှပ်ပြီး တမက်တမော စားလေ့ရှိကြပါတယ်။

ဆူရှီအကြောင်း

– ဆူရှီကို ၁၉ ရာစုနှစ်ကတည်းက ဂျပန်နိုင်ငံမှာ စတင်စားသုံးခဲ့တာပါ။
– အဆင်သင့်အစာအဖြစ် သတ်မှတ်ခဲ့ကြပြီး ပြောင်းဖူးပေါက်ပေါက်လို ရုပ်ရှင်ရုံထဲ အလွယ်စားနိုင်အောင် လုပ်ခဲ့ကြတာပါ။
– နိုက်ဂိရိနဲ့ မာကိဆိုပြီး ဆူရှီအမျိုးအစား နှစ်မျိုးရှိပါတယ်။

ကောင်းကျိုး

– သင်စားနေတဲ့ ဆူရှီအမျိုးအစားပေါ်မူတည်ပြီး အာဟာရတန်ဖိုး အမျိုးမျိုးရှိပါတယ်။

– ဆူရှီမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှု များပါတယ်။ ကိုလက်စထရောနဲ့ ပြည့်ဝဆီပါဝင်မှု နည်းပါတယ်။

– နှလုံး ကျန်းမာစေပါတယ်။

– အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများလို့ ကျန်းမာရေးကောင်းမွန်စေပါတယ်။

– ဆယ်လ်မွန်ငါးဆူရှီဟာ သွေးတိုးကျစေပြီး သွေးတွင်းကောင်းတဲ့ ကိုလက်စထရောအဆင့် မြင့်တက်စေပါတယ်။

– ဆူရှီစားတာကြောင့် ပုံမှန်မဟုတ်ဘဲ နှလုံးခုန်နှုန်းမြန်နေတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။

– ဆူရှီကိုပတ်ထားတဲ့ ရေညှိမှာ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။

– ရေညှိက ဟော်မုန်းကို ဟန်ချက်ညီမျှစေပါတယ်။

– ရေညှိမှာ အင်တီအောက်ဆီးဒင့်၊ ကယ်လ်စီယမ်နဲ့ တခြားဓာတ်တွေပါဝင်မှု များပါတယ်။

– ရေညှိက ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာပါ။

ဆိုးကျိုး

– ဆူရှီမှာ ကယ်လိုရီပါဝင်မှုနည်းပေမယ့် ပါဝင်ပစ္စည်းအပိုတွေကြောင့် ကယ်လိုရီနှစ်ဆ – သုံးဆ တိုးသွားနိုင်ပါတယ်။ ဥပမာပြောရရင် မရိုးနေ့စ်၊ ခရင်မ်ချိစ် စတာတွေထည့်ရင် ကယ်လိုရီနဲ့အဆီပမာဏ တိုးသွားပါတယ်။ ပဲပိစပ်ဆော့စ်က ကယ်လိုရီနည်းပြီး ဆိုဒီယမ်ပါဝင်မှု များပါတယ်။

– ငါးအစိမ်းဟာ ဗိုင်းရပ်စ်၊ ကပ်ပါးကောင်နဲ့ ဘက်တီးရီးယားပိုးတွေ အလွယ်တကူကပ်ငြိနိုင်ပါတယ်။

– ငါးအစိမ်းစားတာကြောင့် ပြဒါးဓာတ်ကို စားမိနိုင်ပါတယ်။ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက ဆူရှီကို ရှောင်သင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top