၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အိမ်တွင် မြေးလေးထိန်းကျောင်းရင်း အေးချမ်းပျော်ရွှင်စွာနေထိုင်သူ အသက် ၆၅နှစ်အရွယ်ဒေါ်ခင်ခင်နွဲ့၏ ကင်ဆာခရီးလမ်းက တစ်မျိုးတဖုံပင် အံ့သြဖွယ်ကောင်းလှသည်။ “အန်တီရဲ့မြေးလေးက သုံးနှစ်ခွဲအရွယ် နို့ဘူးစို့တဲ့ အရွယ်ဆိုတော့ ရင်သားတွေကို လိုက်လိုက် ကိုင်တယ်။ အဲဒီမှာ သူက ပြောတယ်။”...
ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း မေး ။ ရေကူးရင်း မျက်စိနာတာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။ ဖြေ ။ ရေကူးရင်း မျက်စိနာတတ်ပါတယ်။ မျက်စိရောင်ပြီး နာတာဖြစ်နိုင်တာကတော့ ရေကူးကန်တွေထဲမှာ ပိုးမွှားတွေရှိနေတတ်ပါတယ်။ အဲဒီပိုးမွှားတွေ ကပ်ငြိရာက မျက်စိနာတာဖြစ်ပါလိမ့်မယ်။ ဒါကို Swimming Pool...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သိသင့်သိထိုက်သော ဆီးချိုသွေးချိုရောဂါ အကြောင်းအရာများ(၂) အင်ဆူလင် ဘယ်နှစ်ကြိမ်ထိုးရမလဲ အင်ဆူလင် ဘယ်နှစ်ကြိမ်ထိုးရမလဲဆိုတော့ထိုးတဲ့ အင်ဆူလင်က ဘယ်လောက်တာရှည်ခံသလဲပေါ်မှာ မူတည်ပါတယ်။ အင်ဆူလင်အမျိုးအစားအလိုက် တာတိုခံအင်ဆူလင်(အရောင်ကြည်လင်)ဟာ ၆နာရီခန့်တာရှည်ခံပြီ့း တာရှည်ခံအင်ဆူလင် (အရောင်နောက်) ဟာ ၁၂ နာရီခန့် တာရှည်ခံပါတယ်။...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေဟာ အစားအသောက်နဲ့ ပတ်သက်ပြီး အယူအဆမှားတွေ ရှိနေ တာကိုတွေ့ရပါတယ်။ အယူအဆမှား (၁) အသားစားရင် သန်ထတယ် ဒါက မဟုတ်ပါဘူး။ အသားစားရင် ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။ အယူအဆမှား (၂)...
ပါမောက္ခ ဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. နွေရာသီမှာ မျက်စိကျန်းမာရေး မထိခိုက်စေဖို့ ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။ ဖြေ. နွေရာသီမှာ မျက်စိကျန်းမာရေး မထိခိုက်စေဖို့ နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်က အတွင်းတိမ်ရောဂါဖြစ်နှုန်း မြင့်တက်စေတယ်ဆိုတာကို တွေ့ရှိလာတဲ့အတွက်...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အသက်က ၆၃ နှစ်အရွယ်တွင် ဒေါ်ခင်ခင်ကြူသည် ပန်းလှိုင်ဆေးရုံတွင် ရင်သားဓာတ်မှန်ရိုက် စစ်ဆေးခြင်းအတွက် ပရိုမိုးရှင်းရှိသည် ဆိုသော သတင်းကြားသိရာ ယောင်းမဖြစ်သူနှင့်အတူ သွား ရောက် စစ်ဆေးခဲ့သည်။ “ ၂၀၁၅ခုနစ်တုန်းက ပန်းလှိုင်ဆေးရုံမှာ ရင်သားဓာတ်မှန်...
ပါမောက္ခဦးအေးမွန် (အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. အူမကြီးရောင်ရမ်းတာက ဘာကြောင့်ဖြစ်ရတာလဲ ဆရာ။ ဖြေ. အူမကြီးရောင်ရမ်းတာမှာ အများစုက ကူးစက်ပိုးဝင်ပြီး ဖြစ်တာများပါတယ်။ လွယ်လွယ်ပြောရရင် ၀မ်းကိုက်တာကြောင့် အူမကြီးရောင်တာပါ။ အူမကြီးရောင်တာမှာ Acute (ရုတ်တရက်ဖြစ်တာ)နဲ့ Chronic (နာတာရှည်)ဆိုပြီး...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အဘွားအသက် ၈၀ ကျော်ချိန်တွင် ဆရာဝန်က ကောင်းနေပြီဖြစ်၍ ပြန်မချိန်းတော့သဖြင့် သွားမပြတော့ကြောင်းသိရသည်။ နှစ်ကြိမ်တိုင် ကင်ဆာကုသအောင်မြင်ထားသည့် အဘွားဒေါ်ထွေးတင်သည် အသက် ၈၀ ကျော်အရွယ်အထိ အိမ်တွင် ထမင်း၊ ဟင်းများကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ခဲ့သူဖြစ်သည်။ အဘွားက...
ပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) နယ်မြို့လေးတစ်မြို့မှာ ၁၀ တန်းအောင်ခဲ့တဲ့ ကြာဖြူဟာ ရန်ကုန်မြို့က အဆောင်တစ်ခုမှာ နေပြီး ကွန်ပျူတာသင်တန်းတက်နေသူပါ။ လူတွေနဲ့ ရောရောထွေးထွေး မနေတတ်တဲ့ ကြာဖြူက အဆောင်မှာ တစ်ယောက်ခန်းကိုသာ ရွေးငှားခဲ့ပါတယ်။ ကွန်ပျူတာသင်တန်းကို တက်နေရာကနေ နှစ်လအကြာမှာတော့ ကြာဖြူသင်တန်းကို...
ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ခရမ်းလွန်ရောင်ခြည် (UV) မြင့်တက်လာတဲ့အခါ အရေပြားမှာ ဘယ်လိုတွေဖြစ်တတ်ပါသလဲ ဆရာမ။ ဖြေ. ခရမ်းလွန်ရောင်ခြည်က အရေပြားပေါ်ကျရောက်တဲ့အခါ အရေပြားဟာ နဂိုထက်ပိုထူလာ၊ အရောင်ပြောင်းလာတတ်ပါတယ်။ – အရေပြားမှာရှိတဲ့ (အထူးသဖြင့် လက်ဖျံအပြင်မှာ သွေးကြောတွေ...