Healthy Life Ad
Q & A

ကျန်းမာဖို့ရာ အဖြေရှာ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။ ၊—–

Q. လေခဏခဏလည်တာက အူမကြီးနဲ့ ဆိုင်ပါသလား။ ဘာကြောင့်ပါလဲ ဆရာ။

A. လေခဏခဏလည်တာက အူမကြီးနဲ့ ဆိုင်နိုင်ပါတယ်။ အူမကြီးမှာရှိတဲ့ ဘက်တီးရီးယားတွေက ကိုယ်စားလိုက်တဲ့အစာတွေ ချေဖျက်ရင်းနဲ့ ထွက်လာတဲ့ gas တွေကို လေလည်တဲ့အနေနဲ့ အပြင်ကိုထုတ်တာ ဖြစ်ပါတယ်။ အူမကြီးမှာရှိတဲ့ပိုးနဲ့ ကိုယ်စားသောက်လိုက်တဲ့ အစားအသောက်ပေါ် မူတည်ပြီး လေလည်ခြင်း ဖြစ်စေနိုင်ပါတယ်။

Q. အမေက အိုသွေး၊ အဖေက အေသွေးဆိုရင် ကလေးက ဘာသွေးအမျိုးအစား ဖြစ်နိုင်ပါသလဲ ဆရာ။

A. အိုသွေးနဲ့ အေသွေးမိဘနှစ်ပါးက မွေးတဲ့ ကလေးက အိုသွေး ဒါမှမဟုတ် အေသွေး ဖြစ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top