—–၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊—–
တစ်ယောက်တည်း ခရီးသွားကြည့်ပါ
ဒီလိုသွားလိုက်တဲ့အခါ ဘ၀မှာအမြင်သစ်၊ အတွေးသစ်တွေ ရရှိလာပါလိမ့်မယ်။
အတွေ့အကြုံအသစ်ရှာပါ
တစ်ခါမှမတက်ဖူးတဲ့ သင်တန်း၊ စိတ်မ၀င်စားတဲ့ ပွဲလမ်းသဘင်တွေကို သွားကြည့်ပါ။
မိတ်ဆွေဟောင်းတွေကိုလည်း ဖုန်းခေါ်ပါ
မိတ်ဆွေဟောင်းတွေနဲ့ ဝေးနေရင်တောင် အဆက်အသွယ်မပြတ်အောင် ဖုန်းခေါ်ပေးပါဦး။
လျှာအရသာခံအဖုကို ပြောင်းလဲပါ
အရင်က တစ်ခါမှမစားဖူးသေးတဲ့ အစားအသောက်အသစ်တွေကို မြည်းစမ်းစားကြည့်ပေးပါ။
မိတ်ဆွေသစ်ဖွဲ့ပါ
မိတ်ဆွေအသစ်တွေရှာပြီး သူတို့နဲ့ အချိန်ဖြုန်းကြည့်ပေးပါ။
ဖုန်းကို အင်တာနက်ပိတ်ထားချိန် ရှိပါစေ
တစ်နေ့တာအတွင်း ဖုန်းအင်တာနက်၊ ၀ိုင်ဖိုင်ဖွင့်ပြီး တစ်ချိန်လုံးမသုံးပါနဲ့။ အင်တာနက်ပိတ်ပြီး စိတ်ရောကိုယ်ပါ နားချိန်လည်းပေးပါ။