Healthy Life Ad
Health Tips

ကိုယ်တွင်း ပရိုဂျက်စတီရုန်းဟော်မုန်း လျော့နည်းသည့်အခါ. . .ဖြစ်တတ်သည့် လက္ခဏာများ

စူး (ဆေးဝါးတက္ကသိုလ်)

ရာသီလာတာ ပုံမမှန်ဖြစ်ခြင်း၊

အညိုရောင်အစက်အပြောက်ဆင်းခြင်း၊

ရင်သားတင်းခြင်း၊

ရာသီလာစဉ် ခေါင်းကိုက်ခြင်း၊

ပူပင်သောကများခြင်း

ဘာကြောင့်လဲ

ပရိုဂျက်စတီရုန်းဟော်မုန်းနည်းရင် မျိုးအောင်နိုင်စွမ်းလျော့ကျတာ၊ ကလေးရခဲ့ရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများတာတို့ ဖြစ်တတ်ပါတယ်။

ဘာစားပေးသင့်သလဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ(ထောပတ်သီး၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး)

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

ချဉ်တဲ့သစ်သီးတွေ

ဘာတွေမှီဝဲသင့်သလဲ

ဗီတာမင်စီ

ဗီတာမင် ဒီသရီး

ဗီတာမင်ဘီအုပ်စု

မဂ္ဂနီဆီယမ်

လိုက်နာသင့်သည့် နေထိုင်စားသောက်မှုပုံစံ

အသက်ပြင်းပြင်း ရှူသွင်း ၊ ရှူထုတ်လုပ်ပေးပါ။ တရားထိုင်ပါ။

ယောဂကျင့်ပါ။

နေ့စဉ် လမ်းလျှောက်ပါ။

ညင်ညင်သာသာ လေ့ကျင့်ခန်းလုပ်ပါ။

ပန်းချီဆွဲတာ၊ သစ်ပင်စိုက်တာတို့လို စိတ်တည်ငြိမ်စေမယ့် အပြုအမူတွေလုပ်ဆောင်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top