Healthy Life Ad
Health Tips

တစ်နေ့ ကြက်ဥသုံးလုံးစားရင် သင့်ခန္ဓာကိုယ်က ဘာဖြစ်လာမှာလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကြက်ဥပြုတ်တစ်လုံးမှာ ၈၅ကယ်လိုရီပါပြီး ပရိုတင်းဓာတ် ၇ ဂရမ်ပါဝင်ပါတယ်။ ငယ်ရွယ်ချိန်မှာ ကြက်ဥကို တစ်နေ့သုံးလုံးစားတာကြောင့် ခန္ဓာကိုယ်မှာ အောက်ပါပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။

(၁) ကိုယ်ခံအားစနစ် ကောင်းမွန်လာပါမယ်
ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သဘ၀ကျကျ တွန်းလှန်ချင်ရင် ကြက်ဥပြုတ်တွေကို စား ပေးပါ။ ကြက်ဥပြုတ်တစ်လုံးမှာ တစ်နေ့တာလိုအပ်တဲ့ ဆီလီနီယမ်ဓာတ် လေးပုံတစ်ပုံနီးပါး ပါဝင်နေပါတယ်။ ဆီလီနီယမ်က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး သိုင်းရွိုက်ဟော်မုန်းတွေကို ထိန်းချုပ်နိုင်ပါတယ်။

(၂) သွေးတွင်း ကောင်းသောကိုလက် စထရောကို မြင့်တက်စေပါတယ်
ကြက်ဥများများစားရင်ကိုလက်စထရော မြင့် တက်နိုင်ခြေရှိပေမယ့် ငယ်ရွယ်စဉ်မှာတော့ စားနိုင်ပါတယ်။ ကောင်းတဲ့ကိုလက်စထရောကို မြင့်တက်စေလို့ပါ။

(၃) ကိုယ်အလေးချိန် ထိန်းပေးပါတယ်
ကြက်ဥပြုတ်စားတာကြောင့်ပိန်သွယ်ပြီး အားမရှိသူတွေမှာ ကိုယ်အလေးချိန်ကို မြင့်တက်လာစေပါတယ်။
အ၀လွန်သူတွေမှာ နံနက်စာအဖြစ် ကြက်ဥပြုတ်စားပေးရင် တစ်နေ့လုံး ဆာလောင်မှုနည်းပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

(၄) စွမ်းအင်အဆင့် မြင့်တက်စေပါတယ်
ကြက်ဥမှာပါတဲ့ ဗီတာမင် B12 အစားအ သောက်ကနေ စွမ်းအင်အဖြစ် ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲသွားစေပါတယ်။ ကြက်ဥတစ်လုံးမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် B2 ၁၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၅) ဆံပင်နဲ့ အသားအရေကို ကျန်းမာစေပါတယ်
ကြက်ဥမှာ ဗီတာမင် B5 နဲ့ B12 တို့ ပါဝင်မှုများပါတယ်။ ဒီဗီတာမင်ဓာတ်တွေက အသားအရေ၊ ဆံပင်နဲ့ လက်သည်းခြေသည်းအတွက် အလွန်အရေးပါတဲ့ ဗီတာမင်တွေ ဖြစ်ပါတယ်။

(၆) ဦးနှောက်ကို ကာကွယ်ပေးပါတယ်
ကြက်ဥဟာ ဦးနှောက်ကို ကျန်းမာစေပါတယ်။ ကြက်ဥမှာပါတဲ့ ကိုလင်းဓာတ်က ဦးနှောက်ရဲ့လုပ် ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

(၇) အမိုင်နိုအက်ဆစ် ရရှိစေပါတယ်
ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအတွက် အမိုင်နိုအက်ဆစ်က အရေးကြီးပါတယ်။ ကြက်ဥမှာ အမိုင်နိုအက်ဆစ်ကိုးမျိုး ပါဝင်ပါတယ်။

(၈) စိတ်ဖိစီးမှုနဲ့ ပူပင်သောကကို လျော့ကျစေပါတယ်
လေ့လာမှုအရ ကြက်ဥမှာ ပါတဲ့ အမိုင်နိုအက် ဆစ်ဓာတ်တွေက ဆီရိုတိုနင်ဓာတ်ကို မြင့်တက်စေတယ်လို့ သိရပါတယ်။ ဆီရိုတိုနင်ဆိုတာ စိတ်ဖိစီးမှု နဲ့ပူပင်သောကကို လျော့ကျစေတဲ့ အရာပါ။

(၉) မျက်စိကို ကာကွယ်ပေးပါတယ်
ကြက်ဥမှာ လူတင်နဲ့ ဇီဇန်သင်းတို့ ပါဝင်တာကြောင့် မျက်စိရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၁၀) အရိုးနဲ့ သွားတွေကို ကျန်းမာစေပါတယ်
ကျန်းမာသန်စွမ်းတဲ့ အရိုးနဲ့ သွား ဖြစ်လာဖို့ ဗီတာမင်ဒီက အရေးကြီးပါတယ်။ ဗီတာမင်ဒီကို ကြက်ဥထဲမှာ တွေ့နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top