၊ စူး (ဆေးဝါးတက္ကသိုလ်) ၊
ပုရစ်လိုအင်းဆက်တွေကို စားတာက ကြက်သား၊ အမဲသားနဲ့ ၀က်သားတွေလို အသားတွေကိုစားတာထက် အာဟာရဓာတ်ပိုများကြောင်း အောက်စဖို့ဒ်တက္ကသိုလ် လေ့လာသူတွေကဆိုပါတယ်။
လေ့လာသူတွေက အသား ၁၀၀ ဂရမ်ကို နမူနာယူပြီး စွမ်းအင်ပါဝင်မှု၊ ဆိုဒီယမ်၊ ပြည့်ဝဆီနဲ့ သကြား စတာတွေကို ရမှတ်သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် အသားတွေမှာပါတဲ့ ပရိုတင်းဓာတ်၊ အဆီအဆင့်၊ ဗီတာမင်နဲ့ ကယ်လ်ဆီယမ်အဆင့် စတာတွေကို လေ့လာခဲ့ပါတယ်။
ရလဒ်အရ ကြက်သား၊ အမဲသား၊ ၀က်သားတွေနဲ့စာရင် ပုရစ်လိုအင်းဆက်ပိုးတွေမှာ ပရိုတင်း၊ စွမ်းအင်၊ ဗီတာမင်ဓာတ် စတာတွေ ပါဝင်မှုပိုရှိတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။
(Ref;MD)