Healthy Life Ad
Life Style

အောင်မြင်သူနှင့် မအောင်မြင်သူအကြား ခြားနားချက်များ

၊ ကိုမိုး ၊

အောင်မြင်သူ

– နေ့စဉ်နေ့တိုင်း စာဖတ်ပါတယ်။

– စိတ်ကူးစိတ်သန်းနဲ့ အကြံဥာဏ်တွေအကြောင်း ပြောလေ့ရှိပါတယ်။

– အမြဲတမ်း ချီးကျူးပြောဆိုတတ်တယ်။

– ပြောင်းလဲမှုကို လိုလားတယ်၊ အပြောင်းအလဲကို တီထွင်ဖန်တီးတယ်။

– တခြားသူတွေကို ခွင့်လွှတ်တယ်။

– အမြဲမပြတ် လေ့လာမှတ်သားတယ်။

– သူတို့အရှုံးအတွက် တာဝန်ယူမှုအပြည့် ရှိတယ်။

– သူတစ်ပါးအပေါ် ကျေးဇူးသိတတ်တယ်။

– ရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး ဘ၀နဲ့ပတ်သက်တဲ့ အစီအစဉ်ကောင်းတွေ ရေးဆွဲတယ်။

– ငွေကြေး ရင်းနှီးမြှုပ်နှံတယ်။

– ငွေကို ဥာဏ်ရှိရှိ စုဆောင်းလေ့ရှိတယ်။

မအောင်မြင်သူ

– နေ့စဉ်နေ့တိုင်း တီဗီကြည့်ပါတယ်။

– လူတွေအကြောင်းပဲ ဝေဖန်နေတတ်တယ်။

– အမြဲတမ်း မကျေနပ်တာတွေ၊ ပြစ်တင်တာတွေ လုပ်နေတတ်တယ်။

– ပြောင်းလဲရမှာကို ကြောက်တယ်။

– မနာလိုဝန်တိုစိတ် များတယ်။

– အားလုံးသိတယ်လို့ ထင်နေတတ်တယ်။

– အရှုံးနဲ့ရင်ဆိုင်ရတိုင်း တခြားသူတွေကို ပြစ်တင်ဝေဖန်တတ်တယ်။

– ဘာပဲဖြစ်ဖြစ် သူပဲ ခံစားပိုင်ခွင့်ရှိတယ်လို့ ထင်နေတယ်။

– ဘယ်တော့မှ ရည်မှန်းချက်ပန်းတိုင် ချမှတ်လေ့မရှိပါဘူး။

– ငွေကြေးရင်းနှီးမြှုပ်နှံမှု မရှိဘူး။

– ငွေကိုမစဉ်းစားမဆင်ခြင်ဘဲ သုံးစွဲတတ်တယ်။

Most Popular

Healthy Life Ad
To Top