Healthy Life Ad
Health Tips

အဆစ်ရောင်နာနှင့် ရောင်ရမ်းမှုကြောင့်ဖြစ်သော နာကျင်မှုလျော့ကျစေမည့် အစာများ

၊ လရိပ်မေ ၊

T4
(၁) နနွင်းမှုန့်
နနွင်းမှုန့်မှာ ပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းဟာ တစ်ကိုယ်လုံး အနာကျက်ဖို့အတွက် အစွမ်းထက်တဲ့အရာပါ။

T3
(၂) ချင်း (ဂျင်း)
ချင်း(ဂျင်း) ကို ပါးပါးလှီးပြီး ရေနွေးပူပူထဲစိမ်ကာ ချင်းလက်ဖက်ရည် သောက်ပေးပါ။ အဆစ်ရောင်ရမ်းမှုဝေဒနာကို သက်သာစေပါတယ်။

T6
(၃) အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါသည့် အစာများ
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစာတွေဖြစ်တဲ့ အစေ့အဆန်တွေ၊ ငါးအဆီတွေကို စားပေးတာကြောင့် ရောင်ရမ်းနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

T1
(၄) ချယ်ရီသီး
အန်သိုဆိုင်ယာနင်ဓာတ်ပါဝင်တဲ့ ချယ်ရီသီးဟာ သွေးတွင်းယူရစ်အက်ဆစ်ပမာဏကို ထိထိရောက်ရောက် လျော့ကျစေပါတယ်။

T2
(၅) နာနတ်သီး
နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဓာတ်ဟာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့အစွမ်း ရှိနေပါတယ်။

T5
(၆) ရှလကာရည်
ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေရှစ်အောင်စ၀င် တစ်ဖန်ခွက်ထဲထည့်ကာ သောက်ပေးရမှာပါ။

Most Popular

Healthy Life Ad
To Top