၊ လရိပ်မေ ၊
(၁) နနွင်းမှုန့်
နနွင်းမှုန့်မှာ ပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းဟာ တစ်ကိုယ်လုံး အနာကျက်ဖို့အတွက် အစွမ်းထက်တဲ့အရာပါ။
(၂) ချင်း (ဂျင်း)
ချင်း(ဂျင်း) ကို ပါးပါးလှီးပြီး ရေနွေးပူပူထဲစိမ်ကာ ချင်းလက်ဖက်ရည် သောက်ပေးပါ။ အဆစ်ရောင်ရမ်းမှုဝေဒနာကို သက်သာစေပါတယ်။
(၃) အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါသည့် အစာများ
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစာတွေဖြစ်တဲ့ အစေ့အဆန်တွေ၊ ငါးအဆီတွေကို စားပေးတာကြောင့် ရောင်ရမ်းနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။
(၄) ချယ်ရီသီး
အန်သိုဆိုင်ယာနင်ဓာတ်ပါဝင်တဲ့ ချယ်ရီသီးဟာ သွေးတွင်းယူရစ်အက်ဆစ်ပမာဏကို ထိထိရောက်ရောက် လျော့ကျစေပါတယ်။
(၅) နာနတ်သီး
နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဓာတ်ဟာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့အစွမ်း ရှိနေပါတယ်။
(၆) ရှလကာရည်
ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေရှစ်အောင်စဝင် တစ်ဖန်ခွက်ထဲထည့်ကာ သောက်ပေးရမှာပါ။