—–၊ ပါမောက္ခ မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–
Q. အရေပြားမှာ အနာဖြစ်တဲ့အခါ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြသင့်ပါသလဲ။
UP (FB)
A. အနာက သိပ်နာပြီး ရောင်နေရင်၊ ကိုင်ကြည့်တဲ့အခါ ပူလာပြီး ဖိကြည့်တဲ့အခါ နာနေရင်၊ ပြည်ထွက်လာရင်၊ သက်ဆိုင်ရာ လင့်ဖ်အကျိတ်ဖြစ်လာရင်၊ အနာဖြစ်ပြီး ဖျားလာရင်၊ မအီမသာဖြစ်လာရင် ဆေးကုသသင့်တဲ့ အချိန်ဆိုတာ သတိပေးချင်ပါတယ်။