Healthy Life Ad
Q & A

မကြာခဏ အုန်းလွဲတတ်သူများ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. တချို့လူတွေက မကြာခဏ အုန်းလွဲတတ်ကြပါတယ်။ ဘာကြောင့် မကြာခဏ ဖြစ်ရတာပါလဲ ဆရာ။

A. Cervical Spondylosis ဆိုတဲ့ လည်ပင်းအကြောညပ်တာကို အရပ်ထဲမှာ အုန်းလွဲတယ်လို့ ပြောလေ့ရှိကြပါတယ်။ တစ်မျိုးက လူကြီးတွေမှာ ဖြစ်လေ့ရှိပါတယ်။ လူကြီးတွေ အသက်ကြီးလာတဲ့အခါမှာ အရိုးအတက်ထွက်လို့ အုံးလွဲတာပါ။ လည်ပင်းရိုးမှာ အတက်ထွက်လို့ ဖြစ်တာပါ။ လည်ပင်းရိုးထဲမှာအာရုံကြောမကြီး ရှိပါတယ်။ လည်ပင်းရိုးအဆစ်လေးတွေကြားကနေ အာရုံကြောလေးတွေက ထွက်ပါတယ်။ လည်ပင်းရိုးအဆစ်ကြားမှာ အရိုးအတက်လေး ထွက်လာတဲ့အခါမှာ အဆစ်ကြား အပေါက်ကျဉ်းလာပြီး အာရုံကြောတွေကို ဖိမိလာပါတယ်။ အဲဒီလိုအခြေအနေမှာ လည်ပင်းကို လှည့်လိုက်တဲ့အခါမျိုးမှာ အာရုံကြောတွေက ညပ်သွားပါတယ်။ အဲဒီအခါမှာ ညပ်သွားတဲ့ဖက်အခြမ်းက ကျဉ်သွားတာဖြစ်တတ်ပါတယ်။ ထုံသွားတာ၊ ထိမှန်းမသိတော့တာတွေ ဖြစ်လာပါတယ်။ ချာလပတ်လည်အောင် မူးလာပါတယ်။ ဒါကို ကျီးပေါင်းကြောင့် Cervical Spondylosis ဖြစ်တယ်လို့ ခေါ်ပါတယ်။ လည်ပင်းအာရုံကြောညပ်ရင် ခေါင်းကိုလှည့်လိုက်ရင်သော်လည်းကောင်း၊ ခေါင်းကိုရှေ့သို့ငိုက်လိုက်ရင်လည်းကောင်း ချာလပတ်လည်အောင် မူးတတ်ပါတယ်။ ညပ်သွားတဲ့ဘက်က လက်တွေကျဉ်တာ၊ ထုံတာတွေ ဖြစ်တတ်ပါတယ်။ အဲဒါက အသက်ကြီးလို့ အရိုးကျီးပေါင်းတက်တာ ဖြစ်ပါတယ်။

Q. ဒီလိုဖြစ်ရင် ဘယ်လိုကုသပျောက်ကင်းနိုင်ပါသလဲ ဆရာ။

“ခေါင်းကို ပုံစံမှန်မှန်ထားရပါမယ်။ နောက်တစ်ချက်ကတော့ ခေါင်းစောင်းနေတာကြာလာရင် ပုံစံနည်းနည်းပြောင်းပေးဖို့လည်း လိုပါတယ်။ ကွန်ပျူတာနှိပ်တဲ့အခါတွေမှာ ပုံစံမှားနေရင်၊ ခေါင်းကတစ်ချိန်လုံး ငုံ့နေရရင်၊ ကားမောင်းတဲ့အခါမှာလည်း ထိုင်ခုံအမှီကို နောက်ကိုလှန်ထားရင် ခေါင်းအနေအထားပုံစံကို မှားစေတဲ့အတွက် အုံးလွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။”

A. ဒီရောဂါက အတက်ထွက်တာဖြစ်တဲ့အတွက် မပျောက်ပါဘူး။ သက်သာအောင်တော့ လုပ်လို့ရပါတယ်။ ပထမအဆင့်မှာ မူးနေရင် ဆေးတွေပေးပါတယ်။ အာရုံကြောဆေးတို့၊ ဇက်ကြောတက်ရင်ပေးတဲ့ဆေးတွေ ပေးပါတယ်။ ၅ ရက်လောက်ကြာလို့ သက်သာလာပြီဆိုရင်တော့ ခေါင်းလေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ ခေါင်းကို ညာဘက်စောင်းချ၊ ဘယ်ဘက်စောင်းချ၊ ရှေ့ကိုငိုက်ချ၊ နောက်ကိုလှန်ချတဲ့ လေ့ကျင့်ခန်းပါ။ ခေါင်းမူးတဲ့အချိန်မှာတော့ လုပ်လို့မရပါဘူး။ ခေါင်းမမူးတဲ့အခါမှသာ လုပ်ခိုင်းပါတယ်။ ဒီလိုလုပ်ပေးလိုက်ရင် နောက်တစ်ခါ အကြောညပ်ပြီး အုံးလွဲတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒုတိယအဆင့် အဆစ်က အရမ်းကျဉ်းသွားပြီး အခြေအနေက ပိုဆိုးတယ်ဆိုရင် ဓာတ်မှန်ရိုက်ခိုင်းပါတယ်။ အရိုးအတက်ထွက်နေတယ်၊ အကြောညပ်နေတယ်ဆိုရင် ကော်လာတပ်ပြီး အဆစ်ကို ဆွဲဆန့်လိုက်ပါတယ်။ ဒီထက်အခြေအနေဆိုးလာလို့ အဆင်မပြေရင်တော့ အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ဆီ လွှဲပေးပါတယ်။ လိုအပ်ရင် အဲဒီဆရာဝန်က ခဲဆွဲလေ့ကျင့်ခန်းလို ကုထုံးနဲ့ကုပေးပါတယ်။

Q. တခြားကော ဘာကြောင့် အုန်းလွဲနိုင်ပါသေးသလဲ ဆရာ။

A. လူတွေ မကြာခဏ အုံးလွဲနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ နေထိုင်ပုံ အနေအထားမမှန်လို့ ဖြစ်တာပါ။ အရိုးကို အထက်အကူပြုထားတဲ့ ကြွက်သားတွေ ညောင်းသွားလို့၊ တောင့်သွားလို့ ဖြစ်တာပါ။ ဥပမာ- ခေါင်းကိုတစ်ဖက်တည်း အကြာကြီး စောင်းပြီးအိပ်နေတဲ့အခါမှာ စောင်းထားတဲ့ဖက်က ကြွက်သားက ပျော့နေပေမယ့် ကျန်တစ်ဖက်က ကြွက်သားတွေက အရမ်းတင်းနေတတ်ပါတယ်။ တင်းနေတာများပြီး ကြာသွားတဲ့အခါမှာ ကြွက်သားကမာပြီး တင်းသွားပါတယ်။ ကြွက်သားဆိုတာက တင်းနေရင် ပြန်ပြန်ပြီး ကျုံ့ပါတယ်။ ဆွဲကျုံ့နေရင်းနဲ့ ကြာလာတဲ့အခါမှာ တန့်သွားတတ်ပါတယ်။ တန့်သွားတဲ့အခါမှာ တောင့်သွားပြီး ပြန်လှည့်လိုက်ရင် အရမ်းနာလာပါတယ်။ အဲဒါက အရိုးကြောင့်မဟုတ်ပါဘူး။ ကြွက်သားကြောင့်ဖြစ်တာပါ။

Q. အုန်းလွဲတာမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်သင့်ပါသလဲ ဆရာ။

A. ဒီလိုမဖြစ်အောင် ခေါင်းကို ပုံစံမှန်မှန်ထားရပါမယ်။ နောက်တစ်ချက်ကတော့ ခေါင်းစောင်းနေတာ ကြာလာရင် ပုံစံနည်းနည်းပြောင်းပေးဖို့လည်း လိုပါတယ်။ ကွန်ပျူတာနှိပ်တဲ့အခါတွေမှာ ပုံစံမှားနေရင်၊ ခေါင်းကတစ်ချိန်လုံး ငုံ့နေရရင်၊ ကားမောင်းတဲ့အခါမှာလည်း ထိုင်ခုံအမှီကို နောက်ကိုလှန်ထားရင် ခေါင်းအနေအထားပုံစံကို မှားစေတဲ့အတွက် အုံးလွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရိုးတွေတိုင်းကို ကြွက်သားတွေက ထောက်ပံ့နေပါတယ်။ အရိုးတွေ ပုံစံမမှန်တဲ့အခါမှာ ကြွက်သားတွေလည်း ပုံစံမမှန်တော့တာတွေ ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top