Healthy Life Ad
Q & A

နှလုံးကြီးခြင်း . ..

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

မေး ။ ။ ကျွန်တော့်အသက်က ၆၀ကျော်ပါပြီ။ ဆေးလိပ်၊အရက်မသောက်ပေမယ့် နှလုံးကြီးနေပါတယ်။ အဲဒီလိုဖြစ်ရင် စိုးရိမ်ရပါသလား။ နှလုံးကြီးရင် အဆုတ်ကို ဖိပြီး အဆုတ်ထိခိုက်လာမယ်လို့ ကျွန်တော် ထင်နေပါတယ်။ အဆုတ်ထိခိုက်မယ်ဆိုတာ တီဘီရောဂါကို ဆိုလိုတာလား၊ နှလုံးကြီးတာ ဘာကြောင့် ဖြစ်ရတာပါလဲ၊ နှလုံးကြီးတာကို မူလအရွယ်အစား ဖြစ်အောင် ကုနိုင်မှာလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဖြေ ။ ။ နှလုံးကြီးတာဟာ ရောဂါတစ်ခုမဟုတ်ဘဲ တခြားရောဂါတစ်ခုခုကြောင့် ပေါ်လာတဲ့ ရောဂါလက္ခဏာဖြစ်ပါတယ်။ နှလုံးကြီးရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါတွေ၊ မွေးရာပါ နှလုံးကြီးရောဂါနဲ့ မျိုးဗီဇဆိုင်ရာဝေဒနာတွေကြောင့် နှလုံးကြီးတတ်ပါတယ်။ နှလုံးကြီးတဲ့အနေအထားပေါ်မူတည်ပြီး ထိရောက်တဲ့ ကုသမှုတွေ ရယူထားသင့်ပါတယ်။ ပြန်သေးအောင် လုပ်လို့မရပေမယ့် နောက်ဆက်တွဲ ဆိုးပြစ်တွေ ၀င်မလာနိုင်အောင် ထိထိရောက်ရောက် ကာကွယ်ကုသထားရင် ထင်သလောက် စိုးရိမ်စရာမရှိပါဘူး။ ပုံမှန်စစ်ဆေးကုသနေဖို့တော့ လိုပါတယ် ဦးသန့်ဇင် ခင်ဗျား။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top