Healthy Life Ad
Health Tips

အိုမင်းမှုကို တိုက်ဖျက်ရအောင်

လရိပ်မေ

(၁) ရေဓာတ်ဖြည့်ခရင်မ်လိမ်းပါ
အစိုဓာတ်ထိန်းခရင်မ်(Moisturizer) လိမ်း ပြီး အပေါ်ကနေ Primer ကို အနည်းငယ်ထပ်မံ လိမ်းပေးပါ။ ဒါက မျက်နှာအသားအရေကို အစိုဓာတ်ထိန်းခရင်မ်အငွေ့ပြန်မှုမဖြစ်အောင် ကာကွယ်ပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

(၂) မျက်နှာပေါင်းတင်ပေးပါ
ထိခိုက်လွယ်တဲ့ အသားအရေရှိရင် မျက်နှာပေါင်းတင်ပေးပါ။ မျက်နှာပေါင်းတင်ပေးတာက အသားအရေကို အရောင်ညီသွားစေပါတယ်။

(၃) အိုင်းခရင်မ် လိမ်းပါ
အိုင်းခရင်မ်လိမ်းတာကြောင့် အသားအရေ ခြောက်သွေ့ရာကဖြစ်တဲ့ အရေးကြောင်းထင်တာနဲ့ မျက်အိတ်ဖောင်းတာတို့ကို လျော့ပါးစေပါတယ်။

(၄) ဆံပင်ကို နောက်လှန်ပြီးစည်းနှောင်ပါ
ဆံပင်တွေကို နောက်လှန်စည်းနှောင်တာက မျက်နှာအသားအရေကို နုပျိုတင်းရင်းစေပါတယ်။ မျက်နှာပေါ်ဆံပင်တွေ ချထားတာ၊ မျက်လုံးပေါ် ဆံပင်အုပ်တာကြောင့် မျက်မှောင်ကြုတ်ရရင် မျက်ဝန်းအရေးကြောင်းတွေ ထင်စေနိုင်ပါတယ်။

(၅) မျက်နှာပေါ် ရေပက်ဖျန်းပါ
မျက်နှာကို ဖောင်ဒေးရှင်းခရင်မ်လိမ်းပြီးချိန်မှာ မျက်နှာပေါ် ရေအနည်းငယ် ပက်ဖျန်းပေးပါ။ ဒါဆိုရင် ဖောင်ဒေးရှင်းခရင်မ်ကို ပိုမို ချောမွေ့ညီညာစေကာ အရေးကြောင်းတွေထဲ မိတ်ကပ်မ၀င်အောင် ကာကွယ်နိုင်ပါတယ်။

(၆) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက အသားအရေ လှပချောမွေ့မှုအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်နိုင်ရင် ဒူးနှစ်ဖက်ကြားထဲ သင့်ဦးခေါင်းကို တစ်မိနစ်လောက် ငုံ့ထားပေးပါ။ ထိုင်တဲ့အခါ ခေါင်းကိုမတ်ပြီး နောက်ဘက်အနည်းငယ်မော့လိုက်ရင် မျက်နှာနီမြန်းပြီးသွေးလှည့်ပတ်မ ကောင်းစေပါတယ်။ မျက်နှာနီတာက ခဏကြာရင် သက်သာသွားပေမယ့် မျက်နှာတောက်ပနေပါလိမ့်မယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top