Healthy Life Ad
Q & A

ငှက်ဖျားရောဂါ ဘယ်လိုကူးစက်နိုင်ပါသလဲ . . .

မေး. ငှက်ဖျားအကြောင်းသိချင်လို့ပါ။ ဘယ်နှစ်မျိုးရှိသလဲ၊ ဘယ်ကနေဘယ်လိုဖြစ်သလဲ၊ ဘယ်လိုကာကွယ်လို့ ရသလဲ ဆိုတာလေး သိချင်လို့ပါဆရာ။
Khun Aung Sanwin (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ငှက်ဖျားရောဂါဟာ ငှက်ဖျားရောဂါပိုးကြောင့်ဖြစ်တာပါ။ လူတွေကို ကူးစက်နိုင်တဲ့ ငှက်ဖျားပိုး ငါးမျိုးရှိပါတယ်။ ငှက်ဖျားပိုးရှိနေတဲ့ခြင်ကိုက်ရင် ငှက်ဖျားဖြစ်ပါတယ်။ ငှက်ဖျားပိုးပါနေတဲ့ သွေးသွင်းမိရင်လည်း ဖြစ်နိုင်ပါတယ်။ ခြင်အကိုက်မခံရအောင် နေထိုင်ခြင်းဖြင့် ငှက်ဖျားရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဘယ်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ခြင်းဖြင့် ခြင်ကတစ်ဆင့် ကူးစက်တဲ့ ငှက်ဖျားရောဂါနဲ့ တခြားရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top