Healthy Life Ad
Life Style

သင်အကြိုက်ဆုံး သစ်သီးကိုကြည့်ပြီး သင့်အကြောင်း ပြောပြမယ် . .

သစ်သီးလေးတွေကို ကြည့်ပြီး သင်အကြိုက်ဆုံး သစ်သီးတစ်မျိုးကို အရင်ဆုံး ရွေးလိုက်ပါ။ ပြီးရင် အဲဒီသစ်သီးကပြောတဲ့ သင့်အကြောင်းကို ဖတ်ရှုလေ့လာနိုင်ပါတယ်။

ကိုထက်

1. ပန်းသီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်

သင်ဟာ အပေါင်းအသင်းတွေဆုံရင် စကား အများဆုံး ဒိုင်ခံပြောနေတတ်တဲ့သူ ဖြစ်နိုင်ပါတယ်။
ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန်ချနိုင်ပြီး ရုတ်တရက် ဖြစ်လာတဲ့ ကိစ္စတွေကို ချက်ချင်းဆိုသလို ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ ခရီးသွားရတာကို နှစ်သက်ပြီး မရောက်ဖူးတဲ့ နေရာ အသစ်တွေကို သွားချင်နေ သူပါ။ သင်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ဆွဲဆောင်နိုင်စွမ်း ကောင်းသူတွေ ဖြစ်တတ်ပြီး သင့်လက်တွဲဖော် အပေါ်ကို လွှမ်းမိုးနိုင်မယ့် သူပဲဖြစ်ပါတယ်။

2. ငှက်ပျောသီးက သင် အကြိုက်ဆုံးသစ်သီး ဆိုရင်

အကြိုက်ဆုံးအသီးကို ငှက်ပျောသီးလို့ သင်ရွေးချယ်ထားတယ် ဆိုရင်တော့ သင်ဟာ နူးညံ့တဲ့ နှလုံးသား ပိုင်ရှင်ဖြစ်ဖို့ များပါတယ်။ လူတွေအပေါ်မှာ ချစ်ခင်တတ်တယ်၊ နွေးထွေးစေတယ်၊ ကြင်နာတတ်ပြီး စိတ်မကောင်းစရာတွေ တွေ့တဲ့အခါ ကိုယ်ချင်းစာပြီး ၀မ်းနည်းပေးတတ်သူပါ။ အရေးပေါ်ကိစ္စတွေမှာ တော့ ဆုံးဖြတ်ချက်ချဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေတတ်ပါတယ်။ သင်ဟာ သစ္စာတရားကို လက်ကိုင်ထားပြီး လက်တွဲဖော်နဲ့ ခိုင်မြဲတဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်တတ်သူပါ။

3. အုန်းသီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်

အုန်းသီးကို အကြိုက်ဆုံး ဆိုသူတွေကတော့ တွေးတောနိုင်စွမ်း ကောင်းသူတွေပါ။ သတိဝီရိယရှိ ပြီး အာရုံစူးစိုက်အားလည်း ကောင်းကြပါတယ်။ လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြီး ကိစ္စရပ်တွေ ကို နားလည်လွယ်သူတွေပါ။ တစ်ခါတလေတော့ တစ်ယူသန်တတ်ကြပြီး အနိုင်မခံဘဲ ပြန်ပြောတတ် သူတွေလည်း ဖြစ်တတ်ပါတယ်။ လက်တွဲဖော်ကို ဦးနှောက်နဲ့ စဉ်းစားရွေးချယ်တတ်ပြီး မိမိလိုပဲ ဆင်ခြင် တွေးတော တတ်သူတွေကိုပဲ အလိုရှိပါတယ်။

4. လိမ္မော်သီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်

အကြိုက်ဆုံးအသီးအဖြစ် လိမ္မော်သီးကို ရွေးချယ်ထားသူတွေဟာ စိတ်ရှည် သည်းခံနိုင်စွမ်း ရှိသူတွေပါပဲ။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး လူတွေနဲ့ လိုက်လျောညီထွေ နေတတ်သူတွေပါ။ အလုပ် ကိုကြိုးစားပြီး အလှအပကိုလည်း စိတ်ဝင်စားတတ် သူပါ။ ဘာလုပ်လုပ် ဖြည်းဖြည်းချင်းနဲ့ လုပ်တတ်ပေမယ့် အလုပ်ကို ဘယ်တော့မှ အကြွေးမချန်ဘဲ စနစ်တကျနဲ့ ပြီးစီးအောင် လုပ်သူတွေပါ။ အချစ်ရေးမှာတော့ သစ္စာရှိပြီး အခြေအတင် ငြင်းခုံစရာတွေ ပေါ်လာတိုင်း ရှောင်လွှဲတတ်သူပါ။

5. သြဇာသီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်

သြဇာသီးကို အကြိုက်ဆုံးသူတွေဟာ အိနြေ္ဒ ရှိတတ်ကြပါတယ်။ စဉ်းစား တွေးခေါ်နိုင်စွမ်းကောင်း ကြပြီး စိတ်ထိခိုက်လွယ်ပါတယ်။ အရေးပါတဲ့ ကိစ္စတွေကို ပြောဆိုရတာကိုသာ ကြိုက်နှစ်သက်ပြီး တစ်ဖက်သား ပြောတာတွေကိုလည်း အလေးထားသူ တွေပါ။ ကြီးပွားလိုစိတ် ရှိကြပါတယ်။ အချစ်ရေးကိစ္စ တွေမှာ ရှက်တတ်လေ့ရှိပြီး ရေရှည်အမြင်ရှိသူတွေကို နှစ်သက် သဘောကျပါတယ်။

6. စပျစ်သီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်

စပျစ်သီးကို ကြိုက်တဲ့သူတွေဟာ နွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံရေး ရှိပါတယ်။ ယဉ်ကျေးပြီး ဘ၀အတွက် အကျိုးရှိမယ့်အရာတွေကို လေ့လာ နေရတာကို ပျော်ရွှင်နေတတ်သူတွေပါ။ ခင်မင်ဖော် ရွေတတ်ပြီး မိမိအလုပ်ကို ချစ်ခင်သူတွေပါ။ အလှအပနဲ့ ပတ်သတ်ပြီး အမြင်ရှိတတ်ပါတယ်။ သဘာဝ အလှအပကိုလည်း ခံစားတတ်သူတွေပါ။ စိတ်တို ဒေါသဖြစ်လွယ်သလောက် ချက်ချင်းဆိုသလိုပဲ စိတ်ပြန်ပြေ သွားစမြဲပါ။

7. သရက်သီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်

သင်ဟာ သရက်သီးကို အကြိုက်ဆုံးသူ ဖြစ်တယ်ဆိုရင် သင်ဟာ ပြတ်သားတဲ့သူပါ။ အလွယ် တကူ စိတ်မယိုင်တတ်သူ၊ သူတပါး စကားကို အလွယ်တကူ နားမယောင်တတ်သူပါ။ ကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ရတာကို ပိုပြီး ကျေနပ်အားရတတ်ပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်သူပါ။ လက်တွဲဖော်နဲ့ တွေ့တဲ့အချိန်မှာတော့ အလျှော့ပေးနေရ တတ်ပါတယ်။ လက်တွဲဖော်အပေါ် အကူအညီ၊ အကာအကွယ် ဖြစ်စေနိုင်သူတွေပါ။

8. နာနတ်သီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်

သင်က နာနတ်သီးကို အကြိုက်ဆုံးဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး အဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားရတာကို ပျော်မွေ့သူပါ။ လူတိုင်းအပေါ် ရိုးသားတဲ့ စိတ်ရင်းခံရှိပြီး သတိရှိသူ တွေပါ။ အပြောင်းအလဲ မြန်ဆန်တတ်ပြီး အလုပ်တစ်ခုကို မကြိုက်တော့ပါက နောက်တစ်ခုကို အလွယ်တကူပဲ ပြောင်းလုပ်တတ်သူတွေပါ။ တစ်ပါးသူရဲ့ ကျေးဇူးကိုသိတတ်သူပါ။ သင့်လက်တွဲဖော်အပေါ် ရိုးသား ပွင့်လင်းတတ်ပြီး အနိုင်ယူလိုစိတ်လည်း ရှိနေတတ် ပါတယ်။

9. သင်္ဘောသီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင်
သင်္ဘောသီးကို အကြိုက်ဆုံးသူတွေဟာ အနုပညာပိုင်းမှာ အမြင်ရှိတတ်ကြပါတယ်။ အကြောက် အလန့်နည်းပြီး ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ အသင့်ရှိ နေတတ်ကြသူတွေပါ။ ဟာသဥာဏ်လည်း ရှိတတ် ကြပြီး မိတ်ဆွေသစ်တွေ ဖွဲ့ရတာကို သဘောကျပါတယ်။ ဘယ်လို အခြေအနေဖြစ်ဖြစ် ၀ါသနာပါတဲ့ အလုပ်ကိုသာ လုပ်ချင်နေသူတွေပါ။ လက်တွဲဖော် အပေါ် အကောင်းမြင်စိတ်နဲ့သာ ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ နေတတ်သူတွေပါ။

Most Popular

Healthy Life Ad
To Top