၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊
ကော်ဖီ အသောက်လွန်နေပြီလား၊ ကဖင်းဓာတ်ပါတဲ့ အစာတွေကို အစားများနေပြီလား ဆိုတာ အောက်ပါလက္ခဏာတွေအရ သင် သိနိုင်ပါတယ်။
(၁) နေ့ခင်းဘက်မှာ လန်းဆန်းမှုမရှိဘဲ အရုပ်ကြိုးပြတ် လဲကျနေရင်၊
(၂) ဆီးသွားတဲ့အခါ ဆီးအရောင်က လိမ္မော်ရောင် သမ်းနေရင်၊
(၃) ည ည အိပ်မပျော်နိုင်ရင်၊
(၄) ပူပင်သောကများပြီး ရင်တုန်နေရင်၊
(၅) ရင်ပူဝေဒနာ ခံစားနေရရင်
ဒီလက္ခဏာတွေ ခံစားနေရရင်တော့ သင့် ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ အလွန်အမင်း များနေတဲ့အတွက် ဆင်ခြင်ဖို့ သတိထားသင့်နေပါပြီ။
(Ref;HD)