Health Tips
လျော့တွဲနေသော လက်မောင်းသား ပြန်လည်တင်းရင်းသန်စွမ်းလာစေမည့် လေ့ကျင့်ခန်းများ
၊ ကိုထက် ၊ တစ်ယောက်ယောက်ကို နှုတ်ဆက်လက်ပြလိုက်တဲ့အခါ သင့်လက်မောင်းတွေ လျော့တွဲကျနေတာကို သတိထားမိနေပြီလား။ လက်မောင်းတွေလျော့တွဲကျနေတာက အကြောင်းရင်းနှစ်ရပ်ကြောင့် ဖြစ်နိုင်ပါတယ်။ ပထမအကြောင်းရင်းက အသက်ကြီးလာလို့ပါ။ ဒုတိယအကြောင်းရင်းက သင့်ခန္ဓာကိုယ်အဆီတွေကြောင့် ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားရဲ့ဆွဲဆန့်နိုင်စွမ်း ဆုံးရှုံးလာပြီး လက်မောင်းအရေပြား လျော့တွဲလာတတ်ပါတယ်။ နောက်အကြောင်းရင်းအနေနဲ့...