Healthy Life Ad
Health Tips

လျော့တွဲနေသော လက်မောင်းသား ပြန်လည်တင်းရင်းသန်စွမ်းလာစေမည့် လေ့ကျင့်ခန်းများ

၊ ကိုထက် ၊

တစ်ယောက်ယောက်ကို နှုတ်ဆက်လက်ပြလိုက်တဲ့အခါ သင့်လက်မောင်းတွေ လျော့တွဲကျနေတာကို သတိထားမိနေပြီလား။ လက်မောင်းတွေလျော့တွဲကျနေတာက အကြောင်းရင်းနှစ်ရပ်ကြောင့် ဖြစ်နိုင်ပါတယ်။ ပထမအကြောင်းရင်းက အသက်ကြီးလာလို့ပါ။ ဒုတိယအကြောင်းရင်းက သင့်ခန္ဓာကိုယ်အဆီတွေကြောင့် ဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အခါ အရေပြားရဲ့ဆွဲဆန့်နိုင်စွမ်း ဆုံးရှုံးလာပြီး လက်မောင်းအရေပြား လျော့တွဲလာတတ်ပါတယ်။ နောက်အကြောင်းရင်းအနေနဲ့ အဆီများသူတွေမှာ ကိုယ်အလေးချိန် လျော့ကျသွားတဲ့အခါ လက်မောင်းအဆီတွေ လျော့တွဲသွားလို့ဖြစ်ရတာပါ။ အဲဒီအခါ လက်မောင်းသား ပြန်လည်တင်းရင်းလာစေဖို့ အိမ်မှာလုပ်ဆောင်နိုင်တဲ့ အလွယ်လေ့ကျင့်ခန်းတွေ ရှိပါတယ်။

x4
(၁) ထိုင်ခုံဖြင့် လေ့ကျင့်ခြင်း

မြဲမြံတဲ့ ထိုင်ခုံတစ်လုံးကိုယူပြီး ထိုင်ခုံကိုကျောပေးရင်း ထိုင်ခုံပေါ်မှာသင့်လက်တွေကို ပခုံးအကျယ်အတိုင်း ကိုင်ထားပေးပါ။ သင့်ခြေသလုံးတွေကို တင်ပါးအကျယ်အတိုင်းချဲပြီး ကြမ်းပြင်ပေါ်မှာ ကွေးထားရပါမယ်။ လက်တွေကိုဆန့်ထားပေမယ့် တံတောင်ဆစ်တွေက အနည်းငယ်ကွေးညွတ်နေရမှာ ဖြစ်ပါတယ်။ ပုံပါအတိုင်း လက်မောင်းတွေကို ၉၀ ဒီဂရီအနေအထားနဲ့ ကွေးလိုက်၊ ပြန်မတ်လိုက် ၁၀ – ၁၅ ကြိမ် ပြုလုပ်ပေးပါ။

x2
(၂) လက်ထောက်မှောက် လေ့ကျင့်ခြင်း

ကြမ်းပြင်ပေါ်မှာ လက်မောင်းတွေနဲ့ထောက်ပြီး ပုံ A အတိုင်းနေပါ။ ပြီးရင် လက်တံတောင်ဆစ်ကို သင့်ခန္ဓာကိုယ်ဘက်ကွေးယူကာ ပုံ B အတိုင်း ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပါ။ ၁၀- ၁၅ ကြိမ်လောက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

x1
(၃) လက်မောင်းတစ်ဖက်တည်းဖြင့် လေ့ကျင့်ခြင်း

ဒူးတွေကို အနည်းငယ်ကွေးပြီး ပုံပါအတိုင်း ညာလက်နဲ့ထောက်ထားပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်ထားနိုင်တဲ့အထိ တဖြည်းဖြည်းဒူးကို တည့်မတ်ပေးပါ။ လက်တစ်ဖက်စီထောက်ပြီး ၁၀ ကြိမ်စီ လုပ်ပေးပါ။

x5
(၄) အလေးဖြင့် နောက်ပြန်ပေးခြင်း

အလေးတုံးမရှိရင် ရေသန့်ဘူးနှစ်ဘူးကိုသုံးပြီး လေ့ကျင့်ပါ။ ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့ဘက်ကွေးကာ လက်မောင်းတွေက ၉၀ ဒီဂရီ ထောင့်အနေအထား ကွေးလိုက်ရမှာပါ။ ပြီးရင် ညာလက်မောင်းကို ပုံ B အတိုင်း နောက်ဘက်ဆန့်ထုတ်လိုက်ရမှာ ဖြစ်ပါတယ်။ လက်မောင်းတစ်ဖက်စီပြောင်းပြီး ၈ – ၁၀ ကြိမ်စီ လုပ်ပေးပါ။

x3
(၅) အလေးမပြီး ဆန့်တန်းခြင်း

ကြမ်းပြင်ပေါ်မှာမတ်မတ်ရပ်ပြီး ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။ အလေးတုံးမရှိရင် ရေသန့်ဘူးသုံးပါ။ သက်သောင့်သက်သာ မတ်မတ်ရပ်ပြီး လက်တံတောင်ဆစ်တွေကို နားရွက်နားကပ်ကာ လက်မောင်းတွေကို ဆန့်တန်းမြှင့်လိုက်ပါ။ ပြီးရင် နောက်ဘက်သို့ ၉၀ ဒီဂရီအနေအထားနဲ့ ကွေးလိုက်၊ လက်ကို ပြန်ဖြောင့်လိုက် လုပ်ပေးပါ။ ၁၅ ကြိမ်လောက် လုပ်ပေးရမှာဖြစ်ပါတယ်။

(Ref;fitnessbin)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top