Q & A
သင့်အရေပြားတွင် ဆေးမင်ကြောင် သို့မဟုတ် တက်တူထိုးတော့မည်ဆိုလျှင်
ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) Q. ဆေးမင်ကြောင်မထိုးခင် ဘာတွေကို ထည့်သွင်းစဉ်းစားပြီး သတိထားဖို့ လိုအပ်ပါသလဲ ဆရာမ။ A. ဆေးမင်ကြောင် ဒါမှမဟုတ် တက်တူထိုးတော့မယ်ဆိုရင် အရင်ဆုံး တွေးသင့်တာက ဆေးမင်ကြောင်က တစ်ခါထိုးပြီးတာနဲ့ (မဖျက်မချင်း) ရာသက်ပန် အမြဲ...