Life Style
ခွဲစိတ်ကုသမှုခံယူပြီးချိန်တွင် သတိပြုရမည့် အချက်များ
ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. အူအတက်ရောင်တာ၊ အူပုပ်တာစတဲ့ အစာခြေလမ်းကြောင်းရောဂါတွေအတွက် ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ ဘယ်လိုအချက်တွေကို အဓိကလုပ်ဆောင်သင့်ပါသလဲ ဆရာ။ ဖြေ. ဗိုက်ခွဲပြီး ကုသမှုခံယူထားရင် အကြမ်းဖျင်းအားဖြင့် ဗိုက်ခွဲပြီးစမှာ အစာမစားရပါဘူး။ ရေလည်း မသောက်ရပါဘူး။ ခွဲပြီးတစ်ရက်ကြာလို့ လေလည်မှသာ အရည်စတင်သောက်ရပါတယ်။...