၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊ မြန်မာမှာသာမက ကမ္ဘာနှင့်အ၀န်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘ၀နှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ နှင့်ပတ်သက်ပြီး အမှန်လေလား၊ အမှားလား...
မေး. အမျိုးသားတစ်ဦးဟာ သုက်လွှတ်တဲ့အခါသွေးပါတာ တစ်နည်းအားဖြင့် သုက်ရည်ဟာ သွေးရောင်မျိုးတွေဖြစ်နေတာ စိုးရိမ်ရပါသလားခင်ဗျာ။ ဘာကြောင့် ဖြစ်နိုင်ပါသလဲခင်ဗျာ။ WM (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. အမျိုးသားတွေမှာ သုက်ရည်အရောင်ဟာ နို့ရည်လို ခပ်ပျစ်ပျစ်ချွဲချွဲ ဖြစ်ပါတယ်။ အညိုရောင် အနီရောင်ပါနေတာက သွေးပါနေခြင်းဖြစ်နိုင်ပါတယ်။...
မေး။ ။ ငွေစက္ကူအဟောင်းအနွမ်းတွေက လူတွေကို ရောဂါပိုးတွေ ကူးစက်ရရှိစေတယ်လို့ဆိုပါတယ်။ ဘယ် လို ပိုးတွေ ကူးစက်နိုင်ပါသလဲ။ တီဘီပိုး ကူးနိုင်ပါသလား။ ဓာတ်မတည့်မှုတွေကော ဖြစ်နိုင်ပါသလား။ တခြားဘယ်လို ဝေဒနာတွေ ဖြစ်တတ်ပါသလဲ။ ငွေစက္ကူကိုင်ပြီးရင် ဘာလုပ်သင့်ပါသလဲ။ ကိုအောင်ထွန်း၊ ကျောက်တံတား။ ဒေါက်တာမြတ်ထွဋ်ညွန့်ဖြေကြားသည်။...
မေး။ ။သံပုရာသီးအရည်ကို တခြားရေ၊ သကြားတွေနဲ့ မရောဘဲ သူ့ချည်းဘဲ အချဉ်အတိုင်းသောက်သုံးရင် အချဉ်ကြောင့် ခံတွင်းကစပြီး နုနယ်တဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာ အချဉ်ကြောင့် ဘယ်လိုရောဂါတွေ ရရှိနိုင်ပါသလဲ။ အိမြတ်မွန် (FB) ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။ ဖြေ။ ။ သံရာသီး၊...
မေး. ဘီပိုးက ထမင်းတူတူစားတာတို့၊ ရေတစ်အိုးတည်းသောက်တာတို့၊ ချွေးတို့ကနေ ကူးနိုင်ပါသလားရှင့်။ TT (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ကူးနိုင်ခြေနည်းပေမယ့် ပိုးရှိသူဆီကထွက်တဲ့ အရည်မှန်သမျှမှာ ရောဂါပိုးပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် ဟင်းရည်ဟင်းကို တစ်ယောက်တစ်ဇွန်းသောက်တာမျိုးက ပိုကောင်းပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ အပြင်မှာတော့ ခဏပဲရှင်သန်နိုင်တာကြောင့်...
မေး. ဖွဲနုဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ ဘယ်ဟာက ကျန်းမာရေးအတွက် အကောင်းဆုံးပါလဲခင်ဗျာ။ Kyaw Zin (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ပြည့်ဝဆီပါဝင်မှုအချိုးအရဆိုရင် နေကြာဆီ၊ ပြောင်းဖူးဆီတွေဟာ ၁၀ ရာခိုင်နှုန်းဝန်းကျင်နဲ့ ပြည့်ဝဆီပါဝင်ပြီး ဖွဲနုဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီတွေက...
မေး. ညာဘက်ကျောက်ကပ်ပျက်လို့ ၂၀၁၅ ခုနှစ် ထုတ်ပစ်ပြီး အခုဘယ်ဘက်ကျောက်ကပ်တစ်လုံးနဲ့ ရှင်သန်နေရပါတယ်။ ရေဘယ်လိုသောက်ရမလဲဆို တာသိချင်ပါတယ်။ U Than Myint (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ကျောက်ကပ်တစ်လုံးပဲရှိပေမယ့် ရေကို ပုံမှန်သောက်နိုင်ပါတယ်။ ဆိုးဆေးပါတဲ့ ဖျော်ရည်တွေရှောင်ပါ။ မလိုအပ်ဘဲ...
မေး ။ ကျွန်မ လည်ပင်းအကျိတ်ဖြစ်နေတာကြာပါပြီ။ ၁၃နှစ်အရွယ်က စဖြစ်တာပါ။ အခု အသက် ၃၃နှစ် ရှိပါပြီ။ ကျွန်မလည်ပင်းကင်ဆာဆိုတာဖြစ်မှာ ကြောက်နေပါတယ်။ ကျွန်မအကျိတ်က ဘယ်ဘက်မေးစေ့ အောက်မှာကြက်ဥအရွယ်တစ်ခုနဲ့ ကွမ်းသီးကြီးအရွယ်တစ်ခု၊ ညာဘက်လယ်ညပ်ရိုးကြားမှာ ကြက်ဥသေး အရွယ်နှစ်ခုဖြစ်နေပါတယ်။ အဲဒါကို ဆရာဝန်ပြတော့ခွဲစိတ်မယ်၊ အသံလိုင်းတော့ရချင်မှရမယ်ပြောတော့...
၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊ မြန်မာမှာသာမက ကမ္ဘာနှင့်အ၀န်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်ကကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာယုံကြည်လက်ခံထားပါက ဘ၀နှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့်ပက်သက်ပြီး အမှန်လေလားအမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန်ဖော်ပြပေးပါမည်။ ယခုတစ်ပတ်တွင် အရေပြားယားယံနာ...
မေး ။ သည်းခြေအိတ်ကို ဖြတ်ပစ်တာ၂နှစ်ကျော်ပါပြီ။အစာစားချင်စိတ်နည်းလာပါတယ်။ အကြံပေးပါဦး။ Hugo Oo (Fb) ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည် ။ ဖြေ ။ သည်းခြေအိတ်ဖြတ်ပစ်ပြီး အစားစားချင်စိတ်နည်းလာတာ အများအားဖြင့် မဆိုင်ပါ။ အဆီများတဲ့ အစားအစာ လျှော့စားဖို့၊ ရေများများသောက်ဖို့၊...