Healthy Life Ad
Health Tips

ဟော့ဒေါ့တစ်ခုမှာ ဘာတွေပါသလဲ . . .

– ဟော့ဒေါ့တစ်ခုမှာ ကိုလက်စထရော ၅၀ မီလီဂရမ် ပါဝင်ပါတယ်။

– နိုက်ထရိုက် (Nitrite) ပါဝင်မှု မြင့်မားတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေကို ၆၇ ရာခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။

– ဟော့ဒေါ့တစ်ခုမှာ ဆိုဒီယမ် ၆၂၀ မီလီဂရမ် ကျော် ပါဝင်နေပါတယ်။

– နိုက်ထရိုက် (Nitrite) တွေက ဒီအင်န်အေပြောင်းလဲမှု ဖြစ်စေတဲ့အတွက် ကလေးယူဖို့ ကြိုးစားနေချိန်မှာ စားဖို့မသင့်ပါဘူး။

– ဟော့ဒေါ့မှာ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့အတူ ၀က်အူချောင်း ၊ ကြက်အူချောင်းတွေ ပါဝင်နေပါတယ်။

– တစ်နေ့မှာ ပြုပြင်ထားတဲ့ အသား ၅၀ ဂရမ်စားရင် နှလုံးရောဂါအန္တရာယ်ကို ၄၃ ရာခိုင်နှုန်း မြင့်တက်စေပြီး အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို ၁၉ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။

Most Popular

Healthy Life Ad
To Top