ဝမ်းနည်းနေချိန်မှာဖြစ်ဖြစ်၊ ပျော်ရွှင်နေချိန်မှာဖြစ်ဖြစ်၊ ရေချိုးနေချိန်မှာဖြစ်ဖြစ် သီချင်းဆိုလိုက်တာကြောင့် အောက်ပါကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။
- စိတ်ဖိစီးမှုလျော့ကျပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။
- သွေးတိုးကို ကျစေပြီး သွေးဖိအားကို ကောင်းကောင်း ထိန်းနိုင်ပါတယ်။
- ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းပေးနိုင်ပါတယ်။
- အသက်ရှူလမ်းကြောင်းစနစ် ကျန်းမာပြီး အသက် ၀၀ ရှူသွင်းနိုင်စေပါတယ်။
- နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာလျော့ပါးစေပါတယ်။
- မှတ်ဥာဏ်ကို ကောင်းမွန်စေပြီး မှတ်မိနိုင်စွမ်း ပိုရှိစေပါတယ်။
- စိတ်ပေါ့ပါးပြီး အပေါင်းအသင်းတွေကို သံယောဇဉ် ပိုရှိလာပါ ယ်။
- စိတ်တက်ကြွပြီး နေလို့ထိုင်လို့ ပိုကောင်းလာစေပါတယ်။
- ကလေးတွေ သီချင်းဆိုတဲ့အခါ ကလေးတွေမှာ သင်ယူလေ့လာနိုင်စွမ်း ပိုတိုးတက်စေပါတယ်။